နှစ်နိုင်ငံဆက်ဆံရေး နှစ် ၁၃၀ ပြည့် အထိမ်းအမှတ်အဖြစ် ဂျပန်မင်းသမီး ဘရာဇီးကိုလည်ပတ်ရန်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နှစ်နိုင်ငံဆက်ဆံရေး နှစ် ၁၃၀ ပြည့် အထိမ်းအမှတ်အဖြစ် ဂျပန်မင်းသမီး ဘရာဇီးကိုလည်ပတ်ရန်ရှိ


မေ - ၁၀ ( စနေနေ့ ) 

ဂျပန်မင်းသမီး ကာကိုသည် ဂျပန်နိုင်ငံနှင့် ဘရာဇီးနိုင်ငံကြား သံတမန်ဆက်ဆံရေး နှစ် ၁၃၀ ပြည့် အထိမ်းအမှတ်အဖြစ် ဇွန်လအတွင်း၌ ဘရာဇီးနိုင်ငံသို့ သွားရောက်မည်ဟု သိရပါတယ်။ သူမသည် ဘရာဇီးမြို့ ဆောအိုပိုလို သို့သွားရောက်မှာဖြစ်ပြီး ဇွန်လ ၅ ရက်မှ ဇွန်လ ၁၅ ရက်အတွင်း ဘရာဇီးနိုင်ငံအတွင်းသို့ သွားရောက်လည်ပတ်မှာ ဖြစ်ပါတယ်။ သူမရဲ့ ဘရာဇီးခရီးစဉ်က  စတုတ္ထမြောက် နိုင်ငံခြား ခရီးစဉ်ဖြစ်ပါတယ်။ 

၎င်း၏ခရီးစဉ်အတွင်း အခမ်းအနားများ၌ မြို့တော်တွင်ကျင်းပမည့် သံတမန်ဆက်ဆံရေး နှစ်ပတ်လည်နေ့ အထိမ်းအမှတ် နေ့လယ်စာစားပွဲ ပါဝင်ပါသည်။ ဇွန် ၁၀ ရက်တွင် ဘရာဇီးကွန်ဂရက်က ကျင်းပသော နှစ် ၁၃၀ ပြည့် အခမ်းအနားသို့ တက်ရောက်မှာဖြစ်ပါတယ်။ 

ဘရာဇီးတွင်ရှိစဉ် ကာကိုသည် ဘရာဇီးသမ္မတ လူလာဒါဆေးလ်ဗား နှင့် တွေ့ဆုံမှာဖြစ်ပြီး ခရီးစဉ်အတွင်း သူမသည် ရီယိုဒီဂျနေရိုး အပါအဝင် အခြားသော ဘရာဇီးမြို့များသို့ သွားရောက်လည်ပတ်မည်ဖြစ်ပါတယ်။ သူမသည် ဇွန်လ ၁၇ ရက်နေ့တွင် ဂျပန်နိုင်ငံသို့ ပြန်လည်ရောက်ရှိမှာဖြစ်ပါတယ်။ ကာကို သည် အိမ်ရှေ့မင်းသား အာကာရှီနို နှင့် ကြင်ရာတော်ကီကို တို့၏ ဒုတိယသမီးတော် ဖြစ်ပါတယ်။


REF: UPI

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)