မကွေးတိုင်းဒေသကြီး သမဝါယမစာရင်းရေး၊စာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း၏၂၀၂၅-၂၀၂၆ပညာသင်နှစ် (ပထမနှစ်)သင်တန်း တက်ရောက်နိုင်ရေး ကွင်းဆင်းဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

မကွေးတိုင်းဒေသကြီး သမဝါယမစာရင်းရေး၊စာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း၏၂၀၂၅-၂၀၂၆ပညာသင်နှစ် (ပထမနှစ်)သင်တန်း တက်ရောက်နိုင်ရေး ကွင်းဆင်းဆောင်ရွက်




မကွေး ၊  မေ ၁၀


မကွေးတိုင်းဒေသကြီး၊ သမဝါယမဦးစီးဌာန၊ သမဝါယမစာရင်းရေး၊ စာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း (မကွေး)၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် (ပထမနှစ်) သင်တန်း တက်ရောက်နိုင်ရေးအတွက် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များသို့ ယမန်နေ့က ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ထို့နောက် ကွင်းဆင်းဆောင်ရွက်ရာတွင် သမဝါယမစာရင်းရေး၊ စာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း (မကွေး)မှ ကျောင်းအုပ်ကြီး ဒေါ်စန္ဒာထွန်းနှင့် မကွေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာနတာဝန်ရှိသူများ ကြီးကြပ်လိုက်ပါ၍ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များဖြစ်သော မကွေး၊ ရေနံချောင်း၊ ချောက်၊ တောင်တွင်းကြီး၊ မင်းဘူး၊ သရက်၊ အောင်လံ၊ ဆင်ပေါင်ဝဲ၊ မင်းလှ၊ နတ်မောက်၊ မြို့သစ်မြို့နယ်များသို့ သွားရောက်ကာ ကွင်းဆင်းအဖွဲ့ (၃)ဖွဲ့ဖြင့် ဧပြီ(၂၈)ရက်မှ စတင်ကာ မေလ(၆)ရက်အထိ သမဝါယမစာရင်းရေး၊ စာရင်းကိုင် သက်မွေးပညာသင်တန်းဆိုင်ရာများအား အသိပညာပေး ရှင်းလင်းဟောပြောခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို ကွင်းဆင်းဆောင်ရွက်ကြောင်း သိရသည်။


ဝင်းအိမွန်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)