အခြေခံနှင့် တန်းမြင့်လေကြောင်းလူငယ်သင်တန်းများမှ သင်တန်းသားများ စစ်ရေယာဉ်(မုတ္တမ)ဖြင့် ရန်ကုန်မြစ်ကြောင်းတစ်လျှောက် လေ့လာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အခြေခံနှင့် တန်းမြင့်လေကြောင်းလူငယ်သင်တန်းများမှ သင်တန်းသားများ စစ်ရေယာဉ်(မုတ္တမ)ဖြင့် ရန်ကုန်မြစ်ကြောင်းတစ်လျှောက် လေ့လာ


နေပြည်တော်၊ မေ ၂၄

အခြေခံလေကြောင်းလူငယ်သင်တန်းအမှတ်စဉ်(၁/၂၀၂၅)နှင့် တန်းမြင့်လေကြောင်းလူငယ်သင်တန်း အမှတ်စဉ်(၁/၂၀၂၅)မှ သင်တန်းသားများနှင့် နည်းပြအုပ်ချုပ်သူများသည် ယမန်နေ့က စစ်ရေယာဉ်(မုတ္တမ)ဖြင့် ရန်ကုန်မြစ်ကြောင်းတစ်လျှောက် လေ့လာရေးခရီး သွားရောက်ကြသည်။

လေ့လာရေး ခရီးစဉ်တွင် သင်တန်းသားများနှင့် နည်းပြအုပ်ချုပ်သူများသည် စစ်ရေယာဉ်ဆိုင်ရာ အချက်အလက်များ၊ လက်နက်စနစ်များ၊ စက်ပိုင်းဆိုင်ရာစနစ်များ၊ ရေကြောင်းသွားလာရေးဆိုင်ရာ အထွေထွေဗဟုသုတများ၊ ဆက်သွယ်ရေးနှင့် အီလက်ထရောနစ်ဆိုင်ရာ စနစ်များနှင့် ရေယာဉ်ခုတ်မောင်းနေစဉ် ဆောင်ရွက်ရမည့်လုပ်ငန်းတာဝန်များကို စိတ်ပါဝင်စားစွာ လေ့လာကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)