တာမွေမြို့နယ်ရှိ မျက်စိရောဂါအထူးကုဆေးရုံကြီး(ရန်ကုန်)၌ အရေးပေါ်လူနာများအား ထိရောက်စွာ ကုသပေးနိုင်ရေးအတွက် ကြိုတင်ဇာတ်တိုက် သရုပ်ပြလေ့ကျင့်ခြင်းများဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တာမွေမြို့နယ်ရှိ မျက်စိရောဂါအထူးကုဆေးရုံကြီး(ရန်ကုန်)၌ အရေးပေါ်လူနာများအား ထိရောက်စွာ ကုသပေးနိုင်ရေးအတွက် ကြိုတင်ဇာတ်တိုက် သရုပ်ပြလေ့ကျင့်ခြင်းများဆောင်ရွက်







တာမွေ၊ မေ  ၁၆

သဘာဝဘေးအန္တရာယ်နှင့် အခြားသော မတော်မဆမှုများကြောင့် လူအများထိခိုက်ဒဏ်ရာရရှိပြီး လူနာများ အစုလိုက်၊ အပြုံလိုက် ဆေးရုံများသို့ ရောက်ရှိလာပါက အရေးပေါ်ထိခိုက်စွာ ကုသပေးနိုင်စေရေးအတွက် ကျန်းမာရေး ဝန်ကြီးဌာနလက်အောက်ရှိ ကုသရေးဦးစီးဌာန၏ လမ်းညွှန်မှုအရ အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုစီမံချက်ကို ဆေးရုံများတွင် ရေးဆွဲထားရှိရာ ယနေ့နံနက်ပိုင်းအချိန်က ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ် နတ်မောက်ရပ်ကွက် နတ်မောက်လမ်းရှိ မျက်စိရောဂါအထူးကုဆေးရုံကြီး(ရန်ကုန်)၌ အရေးပေါ်လူနာများအား ထိရောက်စွာကုသပေးနိုင်ရေးအတွက် ကြိုတင်ဇာတ်တိုက်သရုပ်ပြလေ့ကျင့်ခြင်းများကို ပူးပေါင်း ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ မျက်စိရောဂါအထူးကုဆေးရုံကြီး(ရန်ကုန်)၌ အရေးပေါ်လူနာများအား ထိရောက်စွာကုသပေးနိုင်ရေး အတွက် ကြိုတင်ဇာတ်တိုက်သရုပ်ပြလေ့ကျင့်ခြင်းများ ဆောင်ရွက်ရာတွင် တာမွေမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မျက်စိရောဂါအထူးကုဆေးရုံကြီး(ရန်ကုန်)မှ ဆေးရုံအုပ်ကြီး ဒေါက်တာခင်ဇော်နှင့် ဝန်ထမ်းများက သဘာဝဘေးအန္တရာယ်နှင့် အခြားသော မတော်မဆမှုများကြောင့် ထိခိုက်ဒဏ်ရာရရှိပြီး အစုလိုက်၊ အပြုံလိုက် ဆေးရုံသို့ ရောက်ရှိလာသည့် အရေးပေါ်လူနာများအား အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှုစီမံချက်ပါအတိုင်း ဆေးကုသမှုပေးပုံ အဆင့်ဆင့်ကို ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။

ထို့အပြင် မျက်စိရောဂါအထူးကုဆေးရုံကြီး(ရန်ကုန်)၌ သဘာဝဘေးအန္တရာယ်နှင့် မီးဘေးအန္တရာယ်များ ကျရောက်လာပါက ဆေးရုံ၌ ဆေးကုသမှုခံယူနေသည့် လူနာများအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခြင်းအပါအဝင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်စေရေးအတွက် ကြိုတင်ဇာတ်တိုက်သရုပ်ပြ လေ့ကျင့်ခြင်းများကိုလည်း အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။


နိုင်လင်းအောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)