မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ စုပေါင်းသန့်ရှင်းရေးပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ စုပေါင်းသန့်ရှင်းရေးပြုလုပ်





မြောက်ဥက္ကလာပ၊ မတ် ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ မြို့သန့်ရှင်းသာယာလှပရေး နှင့် ကျောင်းပတ်ဝန်းကျင်သန့်ရှင်းစေရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှတ်(၄၃) အခြေခံပညာမူလတန်းတွင် ယနေ့ နံနက် ၇ နာရီအချိန် စုပေါင်းသန့်ရှင်း ရေးပြုလုပ်ခဲ့ကြသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင် သာယာရေးအဖွဲ့ မှ ကြီးကြပ်ကာ မြို့နယ်စည်ပင် သာယာရေးဝန်ထမ်းများ ၊ ပန်းဥယျာဉ် လုပ်သားများ ၊ ရေစီး ရေလာ လုပ်သားများ၊ လမ်းတံတားလုပ်သားများ၊ သန့်ရှင်းရေးလုပ်သားများ စုပေါင်း၍မြို့သန့်ရှင်းသာယာလှပရေးနှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းစေရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝေဘာဂီရပ်ကွက်၊ ဝေဟင်လမ်းရှိ အမှတ်(၄၃)အခြေခံပညာမူလတန်း ပတ်ဝန်းကျင်  အနီးအနားရှိ အမှိုက်သရိုက်များကောက်ယူခြင်း၊ မြက်ပင်၊ ပေါင်ပင်များအား ခုတ်ထွင် ရှင်းလင်းခြင်း၊ တံမြက်စည်း လှဲခြင်း၊  ကျောင်းအတွင်း / အပြင်များတွင် သန့်ရှင်းရေးပြုလုပ်ခြင်းများကို စုပေါင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အလားတူ အမှတ်(၂)အခြေခံပညာ အလယ်တန်းတွင် ယမန်နေ့က စုပေါင်းသန့်ရှင်း ရေးပြုလုပ်ခဲ့ကြပြီး မတ်လ ၁၄ ရက်နေ့က အမှတ်(၃) အခြေခံပညာ မူလတန်းကျောင်းကို စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


သက်လွင်စိုး 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)