လူမှုဖူလုံရေးအကျုံးဝင် မှတ်ပုံတင်ထားသည့် ပြန်ကြားရေးဝန်ကြီးဌာနမှ ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

လူမှုဖူလုံရေးအကျုံးဝင် မှတ်ပုံတင်ထားသည့် ပြန်ကြားရေးဝန်ကြီးဌာနမှ ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေး


နေပြည်တော်၊ မေ ၁၆

အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့ ပြည်ထောင်စုနယ်မြေ လူမှုဖူလုံရေးရုံးလက်အောက်ရှိ ပျဉ်းမနားမြို့နယ်နှင့် ဒက္ခိဏသီရိမြို့နယ်တို့မှ လူမှုဖူလုံရေးရုံးတို့တွင် လူမှုဖူလုံရေးအကျုံးဝင် မှတ်ပုံတင်ထားသည့် ပြန်ကြားရေးဝန်ကြီးဌာနမှ ဝန်ထမ်းများအား လူမှုဖူလုံရေးအဖွဲ့-ဘေးမခရောဂါရှာဖွေရေး ရွေ့လျားဆေးကုသယာဉ် (Mobile Medical Units)ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို ယမန်နေ့က ပြန်ကြားရေးဝန်ကြီးဌာန ယာဉ်ရပ်နားဝင်း၌ ပြုလုပ်သည်။

အဆိုပါအဖွဲ့သည် ပြန်ကြားရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနနှင့် လုပ်ငန်းများမှ အာမခံဝန်ထမ်းများအား အထွေထွေကျန်းမာရေးဆိုင်ရာ စစ်ဆေးဆောင်ရွက်ပေးခြင်း၊ ဆေးဝါးကုသခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်း၊ နှလုံးအတွက် ECG စစ်ဆေးခြင်း၊ သွေးစစ်ခြင်းအပါအဝင် လိုအပ်သောကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်ပေးကြသည်။

လူမှုဖူလုံရေးအဖွဲ့အနေဖြင့် လူမှုဖူလုံရေးအကျုံးဝင်မှတ်ပုံတင်ထားသည့် အလုပ်သမားများအတွက် မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် လုပ်ငန်းခွင်ထိခိုက်မှု အကျိုးခံစားခွင့်တွင်ပါဝင်သည့် ယာယီမသန်စွမ်း၊ အမြဲတမ်းမသန်စွမ်းနှင့် ထိခိုက်မှုများအလိုက် လစာအပေါ်ပေးသွင်းထားသည့် ထည့်ဝင်ကြေး၏ ၇၀ ရာခိုင်နှုန်း၊ လူထိခိုက်မှုမရှိဘဲ အိုးအိမ်ပျက်စီးမှုများအတွက် လစာအပေါ်ပေးသွင်းထားသည့် ထည့်ဝင်ကြေး၏ ၄၀ ရာခိုင်နှုန်းနှင့် KG မှ တက္ကသိုလ်အထိ ပညာသင်ကြားနေသော အာမခံဝန်ထမ်းများ၏ သား၊ သမီးများကို အဆင့်အလိုက် ပညာသင်ထောက်ပံ့ကြေးများ ပေးအပ်သွားနိုင်ရေးကိုလည်း စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။

လူမှုဖူလုံရေးစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ကျန်းမာရေးစောင့်ရှောက်မှုအတွက် လူမှုဖူလုံရေးအဖွဲ့ပိုင်ဆေးရုံကြီး သုံးရုံ၊ မြို့နယ်လူမှုဖူလုံရေးဆေးခန်း ၉၆ ခန်း၊ ဌာနကြီးဆေးခန်း ၆၁ ခန်း၊ စာချုပ်ဆေးခန်း ၆၈ ခန်း၊ သားဖွားမီးယပ်၊ ပြင်ပလူနာကုသမှုဆောင်ရွက်သည့် စာချုပ်ဆေးခန်း ၄၈ ခန်း၊ မီးဖွားဝန်ဆောင်မှုပေးသော စာချုပ်ဆေးရုံ၊ သားဖွားခန်း ၁၆ ခန်း၊ တိုင်းရင်းဆေးခန်း တစ်ခန်းတို့ဖြင့် ဝန်ဆောင်မှုပေးလျက်ရှိသည်။

ပြည်ထောင်စုနယ်မြေ နေပြည်တော်၌လည်း မြို့နယ်လူမှုဖူလုံရေးဆေးခန်းနှစ်ခန်း၊ ဌာနကြီးဆေးခန်းလေးခန်း၊ စာချုပ်ဆေးခန်း ငါးခန်း၊ သားဖွားမီးယပ်၊ ပြင်ပလူနာကုသမှုဆောင်ရွက်သည့် စာချုပ်ဆေးခန်းသုံးခန်းတို့ဖြင့် ကျန်းမာရေးဝန်ဆောင်မှု များပေးလျက်ရှိပြီး ၂၀၂၅ ခုနှစ်အတွင်း ပထမအကြိမ် စီမံချက်အနေဖြင့် လူမှုဖူလုံရေးအကျုံးဝင် အလုပ် ဌာန ၁၀၈၉ ဌာနမှ အာမခံအလုပ်သမား ၂၇၉၃၆ ဦး တို့ကို မေ ၁၂ ရက်မှ ဇွန် ၃၀ ရက်အထိ ကျန်းမာရေးစောင့်ရှောက်မှုများ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)