နိုင်ငံတကာပြိုင်ပွဲများအတွက် လေ့ကျင့်နေသည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းနှင့် လူငယ်လက်ရွေးစင်အသင်းများအား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ အားပေးချီးမြှင့် - Myanmar National Post

Myanmar National Post

News Agency

Breaking

နိုင်ငံတကာပြိုင်ပွဲများအတွက် လေ့ကျင့်နေသည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းနှင့် လူငယ်လက်ရွေးစင်အသင်းများအား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ အားပေးချီးမြှင့်





ရန်ကုန်၊ မေ ၁၆

ယခုနှစ်အတွင်း ယှဉ်ပြိုင်ရမည့် နိုင်ငံတကာ ပြိုင်ပွဲများအတွက် စခန်းဝင်လေ့ကျင့်နေသည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း၊ လူငယ်လက်ရွေးစင် အသင်းများအား ယမန်နေ့က မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော် တွေ့ဆုံအားပေးကာ ထပ်ဆောင်းပံ့ပိုးငွေများပေး အပ်ချီးမြှင့်ခဲ့သည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ဇွန်လတွင် ၂၀၂၆ အာရှဖလား အမျိုးသမီးခြေစစ်ပွဲ၊ စက်တင်ဘာလတွင် အာဆီယံအမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲ၊ ဒီဇင်ဘာလတွင် (၃၃) ကြိမ်မြောက် ထိုင်းဆီးဂိမ်းပြိုင်ပွဲ၊ မြန်မာယူ-၁၉ အမျိုးသမီးအသင်းသည် ဇွန်လတွင် အာဆီယံယူ-၁၉ အမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲ၊ သြဂုတ်လတွင် အာရှဖလားယူ-၂၀ အမျိုးသမီးခြေစစ်ပွဲ၊ မြန်မာယူ-၁၆ အမျိုး သမီးအသင်းသည် သြဂုတ်လတွင် အာဆီယံယူ-၁၆ အမျိုးသမီးချန် ပီယံရှစ်ပြိုင်ပွဲ၊ အောက်တိုဘာလတွင် အာရှဖလား ယူ-၁၇ အမျိုး သမီးခြေစစ်ပွဲ၊ မြန်မာယူ-၁၉ အမျိုးသားအသင်းသည် ၂၀၂၆ ခုနှစ်အတွင်း အာဆီယံ ယူ-၁၉ ချန်ပီယံ ရှစ်ပြိုင်ပွဲနှင့် အာရှဖလား ယူ-၂၀ ခြေစစ်ပွဲ၊ မြန်မာယူ-၁၆ အမျိုးသား အသင်းသည် နိုဝင်ဘာလတွင် အာရှ ဖလား ယူ-၁၇ ခြေစစ်ပွဲတို့ ယှဉ်ပြိုင်ရမည်ဖြစ်သည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်သည် ယနေ့ညနေပိုင်းတွင် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း၊ ယူ-၁၉ နှင့် ယူ-၁၆ အမျိုးသမီးအသင်း၊ ယူ-၁၉ နှင့် ယူ-၁၆ အမျိုးသားအသင်း တို့၏ လေ့ကျင့်ရေးကွင်းများသို့ သွားရောက်ကာ အားပေးစကား ပြောကြားပြီး ယှဉ်ပြိုင်ရမည့် နိုင်ငံတကာပြိုင်ပွဲများတွင် ဆုတံဆိပ်ရရှိခြင်း၊ ခြေစစ်ပွဲအောင်မြင်ခြင်းများအတွက် ထိုက်တန်စွာဂုဏ်ပြုချီးမြှင့်မည်ဖြစ်ကြောင်းပြောကြားခဲ့သည်။


ကိုညီလေး၊ ဓာတ်ပုံ-MFF

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)