လားရှိုး၊ မေ ၁၉
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိးမြို့တွင် ယနေ့မေ(၁၉) ရက်မှစတင်၍ လူဝင်မှုကြီးကြပ်ရေးရုံး ဖွင့်လှစ်၍ ရုံးလုပ်ငန်းဆိုင်ရာများ စတင်လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လားရှိးမြို့မှ MNDAA အကြမ်းဖက်အဖွဲ့ ပြန်လည်ဆုတ်ခွါသွားပြီး တပ်မတော်က ပြန်လည်ရယူပြီးနောက် ပြန်လည်ထူထောင်ရေးအတွက်အဓိက ကျသည့် မြို့လုံခြုံရေး၊ ကျန်းမာရေးနှင့် သန့်ရှင်းရေးလုပ်ငန်းများကို ဦးစားပေးဆောင်ရွက်ခဲ့ပြီးနောက် ပညာရေးနှင့် လူဝင်မှုကြီးကြပ်ရေး လုပ်ငန်းဆိုင်ရာများကို အကောင်အထည်ဖော် လုပ်ဆောင်လာခဲ့ခြင်းဖြစ်သည်။
ထို့အပြင် ယခုစာသင်နှစ်အတွက် လားရှိုး၌ ကျောင်းအပ်လက်ခံခြင်းအား ယခု မေ(၂၂)ရက်မှ စတင်လက်ခံသွားရန်ရှိကြောင်း၊ လားရှိုးမြို့ပေါ်တွင် စာသင်ကျောင်းပေါင်း (၃၉) ကျောင်းရှိသည့်အနက် တိုက်ပွဲဖြစ်ပွားစဉ်က ထိခိုက်ပျက်စီးသွားသည့် စာသင်ကျောင်း(၅)ကျောင်းအထိ ရှိကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment