ဆီးရီးယားအပေါ် အရေးယူပိတ်ဆို့မှုတွေ ဖြေလျှော့ပေးဖို့ ထရမ့် စီစဉ်နေ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဆီးရီးယားအပေါ် အရေးယူပိတ်ဆို့မှုတွေ ဖြေလျှော့ပေးဖို့ ထရမ့် စီစဉ်နေ


မေ - ၁၄ ( ဗုဒ္ဓဟူးနေ့ ) 

ဒမတ်စကတ်ကို ဖိအားပေးရန် ရည်ရွယ်သည့် ဆယ်စုနှစ်တစ်ခုကျော် မူဝါဒကို ပြောင်းပြန်လှန်ကာ ဆီးရီးယားအပေါ် ပိတ်ဆို့အရေးယူမှုများကို ရုတ်သိမ်းမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့သည်။ အာဏါသိမ်းအဖွဲ့ခေါင်းဆောင် အာမက်အယ်လ်ရှာရာ ရဲ့ အသွင်ကူးပြောင်းရေး အစိုးရနှင့်အတူ "အသစ်သောစတင်မှု" ကိုမျှော်လင့်ထားကြောင်း သူက ပြောကြားခဲ့သည်။

“တိုင်းပြည်တည်ငြိမ်ရေးနဲ့ ငြိမ်းချမ်းရေးကို ထိန်းသိမ်းရာမှာ အောင်မြင်ဖို့ မျှော်လင့်ချက်ရှိတဲ့ အစိုးရသစ် တစ်ရပ်ရှိပါတယ်” ဟု အင်္ဂါနေ့က ရီယက်မြို့ ၌ ပြုလုပ်သည့် ရင်းနှီးမြှုပ်နှံမှုဖိုရမ်တွင် ထရမ့် က ပြောကြားခဲ့သည်။ “သူတို့ကို ကြီးကျယ်ခမ်းနားတဲ့ အခွင့်အရေးပေးဖို့အတွက် ဆီးရီးယားအပေါ် ပိတ်ဆို့အရေးယူမှုတွေ ရပ်ဆိုင်းဖို့ ကျွန်တော် အမိန့်ပေးမှာပါ” ဟု ၎င်းက ပြောကြားခဲ့သည်။

"သူတို့တောက်ပဖို့အချိန်ပဲ။ ငါတို့က သူတို့အပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့မှုတွေကို ဖယ်ထုတ်နေတယ်" ဟု ထရမ့် ကပြောကြားခဲ့သည်။ "ကံကောင်းပါစေ ဆီးရီးယား၊ ငါတို့ကို အရမ်းထူးခြားတဲ့ အရာတစ်ခုကို ပြပါ"

အမေရိကန်သမ္မတသည် ဆော်ဒီအာရေဗျတွင် ဗုဒ္ဓဟူးနေ့၌ အယ်လ်ရှာရာ နှင့် တွေ့ဆုံရန် စီစဉ်ထားကြောင်း သိရသည်။ “အပြန်အလှန်လေးစားမှု၊ ယုံကြည်မှုကို မျှဝေနိုင်တဲ့ အကျိုးစီးပွားတွေကို အခြေခံတဲ့ အမေရိကန်ပြည်ထောင်စုနဲ့ ဆက်ဆံရေးကို မြှင့်တင်ဖို့ ကျွန်တော်တို့ အဆင်သင့်ရှိပါတယ်” ဟု ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီး ပြောကြားခဲ့သည်။ ထရမ့်သည် ဆီးရီးယားရှိ အမေရိကန်အကျိုးစီးပွားအတွက် သမိုင်းဝင်ငြိမ်းချမ်းရေးနှင့် အောင်ပွဲတစ်ခု ရရှိနိုင်ကြောင်း ပြောကြားခဲ့သည်။

ပြင်သစ်သမ္မတ အမ္မန်နျူရယ် မာခရွန် နှင့်တွေ့ဆုံရန် ပြီးခဲ့သည့်သီတင်းပတ်က ပါရီမြို့သို့သွားရောက်ခဲ့သည့် အယ်လ်ရှာရာသည် ၁၅ နှစ်နီးပါးကြာ ပြည်တွင်းစစ်ပြီးနောက် ဆီးရီးယား၏ ပြန်လည်ထူထောင်ရေးကို အဟန့်အတားဖြစ်စေသည့် ဒဏ်ခတ်ပိတ်ဆို့မှုများကို ဆက်လက်ထိန်းသိမ်းထားခြင်းက မျှတမှုမရှိဟု ပြောကြားခဲ့သည်။


REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)