ရေနံချောင်း မေ ၁၄
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်းကာ သွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ခြင်ဆေးဖျန်းခြင်းနှင့် အဘိတ်ဆေးခတ်ခြင်း လုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ရေနံချောင်းမြို့မဈေးကြီး၌ ဆောင်ရွက်သည်။
ထိုသို့ဆောင်ရွက်ရာတွင် ရေနံချောင်းမြို့မဈေးကြီးအတွင်းရှိ ဈေးသူဈေးသားများ၊ ဈေးအနီးရှိ မြို့မတောင်ရပ်ကွက်နှင့် မြို့မမြောက်ရပ်ကွက်တို့ရှိ ပြည်သူများ သွေးလွန်တုတ်ကွေးရောဂါ ဖြစ်ပွားကူးစက်မှု မရှိစေရေး သောက်သုံးရေသိုလှောင်ကန်များအတွင်း အဘိတ်ဆေးခတ်များခတ်ခြင်း၊ ရေမြောင်းများ၊ သစ်ပင် ချုံနွယ်များ၊ ဈေးနှင့် နေအိမ်များ၊ ခြင်ခိုအောင်းနိုင်သောနေရာများတွင် ခြင်ဆေးဖျန်းခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို မြို့နယ်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာကျော်ကျော်လင်း ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်း များနှင့် မြို့နယ်မီးသတ်ဦးစီးဌာန ဝန်ထမ်းများက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost


No comments:
Post a Comment