ဒုတိယဝန်ကြီး ဒေါ်နုမြဇံ ရန်ကုန်မြို့ ယူနက်စကိုရုံးအကြီးအကဲ Mr.Ichiro Miyazawa အား လက်ခံတွေ့ဆုံ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဒုတိယဝန်ကြီး ဒေါ်နုမြဇံ ရန်ကုန်မြို့ ယူနက်စကိုရုံးအကြီးအကဲ Mr.Ichiro Miyazawa အား လက်ခံတွေ့ဆုံ


နေပြည်တော်၊ မေ ၁၄

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည် ရန်ကုန်မြို့ရှိ ယူနက်စကိုရုံးအကြီးအကဲ Mr.Ichiro Miyazawa အား ယမန်နေ့က နေပြည်တော်ရှိ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ရုံးအမှတ်(၃၅) ပြည်ထောင်စုဝန်ကြီးဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မန္တလေးငလျင်ကြောင့် ရှေးဟောင်းအဆောက်အအုံများနှင့် တန်ခိုးကြီးစေတီပုထိုးများ ထိခိုက်ပျက်စီးမှု၊ ရှေးဟောင်းအဆောက်အအုံများ၏ ပျက်စီးမှုအလိုက် ပြုပြင်ထိန်းသိမ်းရေးဆောင်ရွက်မည့် ဦးစားပေးအဆင့်အလိုက် ခွဲခြားသတ်မှတ်ထားသော ရှေးဟောင်းအဆောက်အအုံ ၁၇၅၂ ခုကို ပထမဦးစားပေး ယဉ်ကျေးမှုအမွေအနှစ်တန်ဖိုးကြီးမားသော ရှေးဟောင်းအဆောက်အအုံများ၊ ဒုတိယဦးစားပေး တစ်ပိုင်းတစ်စပျက်စီး၍ မူလလက်ရာကျန်ရှိမှုနည်းသော အဆောက်အအုံများ၊ တတိယဦးစားပေးအောက်ခြေပန္နက်မှလွဲ၍ ကျန်အစိတ်အပိုင်းများသည် အသစ်နီးပါး ပြန်လည်ပြုပြင်ထားသော အဆောက်အအုံများအဖြစ် ခွဲခြားသတ်မှတ်ပြီး ရှေးဟောင်းအဆောက်အအုံများနှင့် အမွေအနှစ်များ ပြန်လည်ထူထောင်ရေးနှင့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို သမိုင်းပညာရှင်များ၊ ရှေးဟောင်းသုတေသနပညာရှင်များ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း၊ မြန်မာနိုင်ငံ ဗိသုကာပညာရှင်များအသင်း၊ မြန်မာနိုင်ငံ ငလျင်အသင်းတို့၏ အကြံပြုချက်များရယူပြီး ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၏ အနီးကပ်ကြီးကြပ်မှုများဖြင့် ရေရှည်တည်တံ့အောင် နည်းစနစ်မှန်ကန်စွာ ပြုပြင်ထိန်းသိမ်းဆောင်ရွက်နေမှု၊ ယူနက်စကိုနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)