နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ပစ္စည်းတင်ဒါဖွင့်ပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ပစ္စည်းတင်ဒါဖွင့်ပွဲ ကျင်းပ




နတ်မောက် ၊  မေ ၁၄

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့်ဆောင်ရွက်မည့် တည်ဆောက်ရေးလုပ်ငန်းများအတွက် လိုအပ်သော လုပ်ငန်းသုံးပစ္စည်းများဝယ်ယူခြင်း ပစ္စည်းတင်ဒါဖွင့်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးတွင် ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ အမှာစကားပြောကြားပြီး တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိက အိတ်ဖွင့်တင်ဒါနှင့်ပတ်သက်၍ ရှင်းလင်းခြင်းနှင့် လုပ်ငန်းသုံးပစ္စည်းတင်ဒါများ၏ အရည်အသွေးသတ်မှတ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် တင်ဒါတင်သွင်းသူများမှ မရှင်းလင်းသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြသည်။ နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာ‌ရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ပစ္စည်းတင်ဒါဖွင့်ပွဲကျင်းပခဲ့ရာ Lot တစ်ခုချင်းစီအလိုက် ဈေးနှုန်းအဆိုပြုလွှာများပြုလုပ်ခဲ့ပြီး Lot အားလုံး တင်ဒါအောင်မြင်ခဲ့ကြကြောင်း သိရသည်။


လှဝင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)