နေပြည်တော်၊ စစ်ကိုင်းနှင့် မန္တလေးမြို့တို့အတွင်း ဝန်ထမ်းအိမ်ရာများသို့ ကုန်မျိုးစုံနှင့်ဟင်းသီး ဟင်းရွက်များ သက်သာသောဈေးနှုန်းဖြင့်ရောင်းချ - Myanmar National Post

Myanmar National Post

News Agency

Breaking

နေပြည်တော်၊ စစ်ကိုင်းနှင့် မန္တလေးမြို့တို့အတွင်း ဝန်ထမ်းအိမ်ရာများသို့ ကုန်မျိုးစုံနှင့်ဟင်းသီး ဟင်းရွက်များ သက်သာသောဈေးနှုန်းဖြင့်ရောင်းချ


နေပြည်တော်၊ မေ ၁၄

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)၊ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်တို့၏ ပူးပေါင်းစီစဉ်မှုဖြင့် ကုန်မျိုးစုံများနှင့်ဟင်းသီးဟင်းရွက်များအား ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ စစ်ကိုင်းနှင့် မန္တလေးမြို့တို့အတွင်း ငလျင်ဒဏ်သင့် ဝန်ထမ်းအိမ်ရာများသို့ မတ်လ ၃၀ ရက်မှစ၍ အိမ်တိုင်ရာရောက်သွားရောက်ကာ သက်သာသောဈေးနှုန်းများဖြင့်ရောင်းချပေးလျက်ရှိပြီး ယနေ့တွင်လေးဆယ့်သုံးရက်နေ့မြောက်အဖြစ် ဈေးကားများဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

မတ်လ  ၃၀  ရက်မှ   ယနေ့အထိပညာရေးဝန်ထမ်းအိမ်ရာ၊  တိရစ္ဆာန်ဥယျာဉ်၊ ဆာဖာရီဥယျာဉ်၊ လယ်ဝေးမြို့နယ်နှင့် ဒက္ခိဏသီရိမြို့နယ်ရှိ ယာယီကယ်ဆယ်ရေးစခန်းများ၊ ဇေယျာသီရိခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊  ခုတင်(၅၀၀)ဆေးရုံ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊  အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနရှိ ဝန်ထမ်းများနှင့် ပြည်သူများအား ဆန်၊ ဆီ၊ ဆား၊ ကုလားပဲ၊ ငါးပိ၊ငါးခြောက်၊  ကြက်ဥ၊  ဘဲဥ၊   ခေါက်ဆွဲခြောက်တို့ကို ရောင်းချပေးခဲ့ကြောင်းနှင့်နေ့စဉ်ဆက်လက်ရောင်းချပေးသွားမည်ဖြစ်သည်။

ထို့အတူ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ပူးပေါင်းစီစဉ်မှုဖြင့်အမဲသား(အသား) ပိဿာ ၁၂၀၊  အမဲသား(အရိုးအသား) ပိဿာ ၁၅၀ တို့ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနရှိ ဝန်ထမ်းများနှင့်ပြည်သူများသို့ မေလ ၁၃ ရက်မှစ၍အပတ်စဉ် အင်္ဂါနေ့တိုင်း သက်သာသောဈေးနှုန်းများဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိသည်။

ထို့ပြင် စီးပွားရေးနှင့်ကူးသန်း‌ရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ပူးပေါင်း၍ MSME ထုတ်ကုန်များ၊ လူသုံးကုန်များ၊ စားသောက်ကုန်များနှင့် မီးဖိုချောင်သုံးပစ္စည်းများ စသည့် ကုန်ပစ္စည်း ၁၀၇ မျိုးတို့ကို ပြည်ထောင်စုနယ်မြေ  နေပြည်တော်အတွင်း ငလျင်ဒဏ်သင့်ဝန်ထမ်းနှင့်ပြည်သူများသို့ ဈေးကားကြီး (အရောင်းယာဉ်) ဖြင့် မေလ ၅ ရက်မှစ၍ သက်သာသောဈေးနှုန်းများဖြင့်   လှည့်လည်ရောင်းချပေးလျက်ရှိသည်။

အလားတူ ယမန်နေ့က စစ်ကိုင်းမြို့နှင့် မန္တလေးမြို့တို့တွင် ဆန်၊ စားအုန်းဆီ၊ဆား၊ ကုလားပဲ၊ ငါးပိ၊ ငါးခြောက်၊ ပုစွန်ခြောက်၊  ကြက်ဥ၊ ဘဲဥ၊ ကြက်သွန်နီနှင့်အသားတု၊ ခေါက်ဆွဲခြောက်တို့ကိုရောင်းချပေးခဲ့ပြီး နေ့စဉ်ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ 


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)