ကွမ်းခြံကုန်းမြို့နယ် ဈေးကွက်အတွင်း ရောင်းချနေသော အခြေခံစားသောက်ကုန်ဈေးနှုန်းများ စစ်ဆေးခြင်းများဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကွမ်းခြံကုန်းမြို့နယ် ဈေးကွက်အတွင်း ရောင်းချနေသော အခြေခံစားသောက်ကုန်ဈေးနှုန်းများ စစ်ဆေးခြင်းများဆောင်ရွက်




ကွမ်းခြံကုန်း ၊ မေ ၁၄


ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ကွမ်းခြံကုန်း၊  မြို့မဈေးတွင် အခြေခံစားသောက်ကုန်ဈေးနှုန်းများ စစ်ဆေးခြင်းကို မေလ ၁၁ ရက်နေ့က ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။


အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာတွင် အခြေခံစားသောက်ကုန်များဖြစ်သော ဆန်၊ဆီ၊ငရုတ်၊ကြက်သွန်၊အာလူး၊ကုလားပဲနှင့် သကြားဈေးနှုန်းများအား စိစစ်ပြီး လုပ်ငန်းရှင်များအား လူတိုင်းနေ့စဉ်စားသောက်နေသည့် ထမင်းဟင်းများကို ချက်ပြုတ်စားသောက်ရာတွင် အခြေခံစားသောက်ကုန်များသည် အဓိကအရေးကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်နေခြင်းကြောင့် အခြေခံစားသောက်ကုန်ဈေးနှုန်းများ တည်ငြိမ်ရေး၊ ပစ္စည်းပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းမြှင့်တင်မှုမရှိစေရေးနှင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစွာနှင့် လွယ်ကူစွာစား‌သောက်နိုင်ရေးတို့ကို စေတနာထားရောင်းချသွားကြရန် ဆွေးနွေးမှာကြားခဲ့ပါသည်။


အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် ကွမ်းခြံကုန်းမြို့နယ် စားသုံးသူ‌‌ရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေး၊ မြို့နယ်စည်ပင်သာယာရေးရာအဖွဲ့၊ ဈေးတာဝန်ခံဦးဇော်အေးမင်းနှင့် ပူးပေါင်းစစ်ဆေးခဲ့ကြောင်းသိရသည်။


ဆွေနွယ်

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)