လယ်ဝေးမြို့၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် စီမံကိန်းသီးနှံများ ပန်းတိုင်အထွက်နှုန်းထွက်ရရှိရေး သမဝါယမအသင်းသားတောင်သူများအား အသိပညာပေး ဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လယ်ဝေးမြို့၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် စီမံကိန်းသီးနှံများ ပန်းတိုင်အထွက်နှုန်းထွက်ရရှိရေး သမဝါယမအသင်းသားတောင်သူများအား အသိပညာပေး ဆွေးနွေး





လယ်ဝေး  ၊ မေ ၁၄


ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ သမဝါယမဦးစီးဌာနနှင့် မြို့နယ်စိုက်ပျိုးရေးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ စီမံကိန်းသီးနှံများ တစ်ဧကပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် သမဝါယမအသင်းသားတောင်သူများအား အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီက ကြောင်ရေကျေးရွာ KC ၌ ကျင်းပခဲ့သည်။


အဆိုပါဆွေးနွေးပွဲသို့ မြို့နယ်သမဝါယမဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနမှမြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ နိုင်ငံတော်ထောက်ပံ့ငွေ၊ လူမှုစီးပွားမြှင့်တင်ရေးစီမံကိန်း(သက်တန့်ရောင်စီမံကိန်း)ဖြင့်ဆောင်ရွက်မည့် သမဝါယမအသင်း ၇ သင်းအပါအဝင် သမဝါယမအသင်း ၁၀ သင်းမှ အသင်းသား၊ အသင်းသူ ၈၅ ဦး တက်ရောက်ခဲ့သည်။


ရှေးဦးစွာ လယ်ဝေးမြို့နယ်၊ သမဝါယမဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအောင်လွင်က သမဝါယမအသင်းသားတောင်သူများအနေဖြင့် သီးနှံများစိုက်ပျိုးရာတွင်  မျိုး၊ မြေ၊ ရေ၊ နည်း စသည့် အခြေခံအချက်များကို စနစ်တကျလိုက်နာဆောင်ရွက်ခြင်းဖြင့် တစ်ဧကပန်းတိုင်အထွက်နှုန်းထွက်ရှိရေး ကြိုးပမ်းဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားခဲ့သည်။


ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးစောဝင်းက မျိုးကောင်းမျိုးသန့်များ၊ အထွက်တိုးမျိုးစပါး ရွေးချယ်အသုံးပြုရေး၊ မြေဩဇာသုံးစွဲမှုနှင့် စိုက်ပျိုးနည်းစနစ်မှန်ကန်စေရေးတို့အတွက် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။


သင်္ဂဟ(လယ်ဝေး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)