ညောင်ဦးမြို့နယ် ငါ့သရောက်မြစ်ရေတင်ဖြင့် မိုးစပါး ၈၀ ဧကစိုက်ပျိုးပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ညောင်ဦးမြို့နယ် ငါ့သရောက်မြစ်ရေတင်ဖြင့် မိုးစပါး ၈၀ ဧကစိုက်ပျိုးပြီးစီး




ညောင်ဦး ၊ မေ ၁၈


မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ငါ့သရောက်ဆိုလာမြစ်ရေတင်ဖြင့် မိုးစပါး ၈၀ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ညောင်ဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ တာဝန်ရှိသူများထံက သိရသည်။


ညောင်ဦးမြို့နယ် ဆိုလာစနစ်မြစ်ရေတင်ဖြင့် မိုးစပါးစိုက်ပျိုးရန် မတ်လတွင် ပျိုးစတင်ပျိုး ထောင်ခဲ့ကြောင်း ဧပြီလဆန်းပိုင်းက စတင်၍ ပျိုးပင်များ လယ်ကွင်းအတွင်း ရွေ့ပြောင်း စိုက်ပျိုးခဲ့ကြောင်း သိရသည်။  ဆိုလာစနစ်မြစ်ရေတင်ဖြင့် စိုက်ပျိုးသည့် စပါးမျိုးမှာ ဆင်းသုခ၊ မနောသုခ၊ (GW-11)၊ အောင်နိုင်တိုး စပါးမျိုးများကို တောင်သူများ စိုက်ပျိုးကြပြီး ပျိုးထောင်ရက် ၂၁ ရက်အကြာတွင် စိုက်ပျိုးမည့် လယ်မြေအတွင်းရွေ့ ပြောင်းစိုက်ရကြောင်း စပါးတစ်သီး ရင့်မှည့်ချိန်ထိ ငါးလကြာမြင့်ကြောင်း မိုးစပါးစိုက်တောင်သူများက ရှင်းပြ၍သိရသည်။ မြစ်ရေတင်ဖြင့် စိုက်ပျိုးသည့် မိုးစပါးစိုက်တောင်သူများ စပါးသီးနှံရိတ်သိမ်းပြီးချိန်အထိ တစ်ဧကစိုက်ပျိုးရေသွင်းစရိတ် ၆၀၀၀ ကျပ် ပေးသွင်းရပြီး၊ နွေစပါးစိုက်ပျိုးချိန်တွင် စပါးတစ်သီးစာ ၉၀၀၀ ကျပ် ပေးရကြောင်း၊ အခြားသီးနှံအတွက် ၃၀၀၀ ကျပ်ပေးသွင်းရကြောင်း သိရသည်။ မြစ်ရေတင်ဖြင့် စိုက်ပျိုးသည့် စပါးများ အထွက်နှုန်း ပုံမှန်ကောင်းမွန်ပြီး ရေပေးသွင်းခလည်း တန်လွန်းကြောင်း၊ မိုးစပါးဆိုသော်လည်း ညောင်ဦးဒေသတွင် တစ်နှစ်ပတ်လုံးမှ မိုးရေချိန် ၂၀ လက်မအောက်သာ ရွာသွန်းခြင်းကြောင့် စပါးအောင်ရေအထိ မြစ်ရေတင်ရေသွင်းရကြောင်း တစ်ဧကသွင်းဈေးလည်း တန်လွန်းကြောင်း မိုးစပါးစိုက် တောင်သူများက ရှင်းပြသည်။ မိုးစပါး စိုက်ပျိုးရာတွင် စပါးတစ်ဧက ကောက်စိုက်သမစိုက်ပျိုးခ (၅၅၀၀၀) ကျပ်ဖြင့် စိုက်ဧကပြတ် စိုက်ပျိုးခြင်းနှင့် လက်ဆွဲကောက်စိုက်စက်ဖြင့် စိုက်ပျိုးလာကြကြောင်း မိုးစပါးစိုက်တောင်သူများက ရှင်းပြ၍ သိရကာ ငါ့သရောက်မြစ် ရေတင်ဖြင့် မိုးစပါး ၈၀ ဧက စိုက်ပျိုးပြီးကြောင်း သိရသည်။


ဒီပါလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)