ရပ်စောက်မြို့နယ်၌ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းပိုင် မူလတန်းကြိုကျောင်း၊ ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရပ်စောက်မြို့နယ်၌ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းပိုင် မူလတန်းကြိုကျောင်း၊ ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကျင်းပ




တောင်ကြီး  ၊ မေ ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်၌ မေလ ၁၇ ရက်နေ့ နံနက် ၁၀ နာရီက မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းပိုင် မူလတန်းကြိုကျောင်း၊ ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနား ကျင်းပသည်။

ရှေးဦးစွာ မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း(ဗဟို) ဥက္ကဋ္ဌ၊ ပါမောက္ခ ဒေါက်တာ စန်းစန်းမြင့်အောင်၊ အတွင်းရေးမှူး ဒေါက်တာ နွယ်နီအုန်း၊ ဘဏ္ဍာရေးမှူး ဒေါက်တာ ဝင်းပုလဲ၊ အဖွဲ့ဝင် ဒေါက်တာ ယုယုခင်နှင့်ရှမ်းပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက၊ ဒေါ်ညိုမီစော၊ ရှမ်းပြည်နယ်အစိုးရ အဖွဲ့ဝင်၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်နှင့် ရှမ်းပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဒေါ်စိုးပပတို့က ကျောင်းဆောင်သစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာ ပက်ဖျန်းသည်။

ထို့နောက် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း(ဗဟို) ဥက္ကဋ္ဌ၊ ပါမောက္ခ ဒေါက်တာ စန်းစန်းမြင့်အောင်က နှုတ်ခွန်းဆက်အမှာစကားပြောကြားပြီး ရှမ်းပြည်နယ်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက ဒေါ်ညိုမီစောမှ အမှာစကားပြောကြားရာမှာ ရပ်စောက်မြို့နယ်အတွင်း မိခင်နှင့်ကလေးများ၏ ပညာ ရေးနှင့်လူမှုရေးစောင့်ရှောက်မှုပေးခြင်းတို့ကို ဆောင်ရွက်ပေးနိုင်ရန်အတွက် တဖက်တလမ်းမှ အထောက် အကူပြုပေးနိုင်သည့် ရပ်စောက်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၏ အသင်းပိုင်မူလတန်းကြိုကျောင်း၊ ကျောင်းဆောင်သစ် ဖွင့်လှစ်ပေးနိုင်သည့်အတွက် အလွန်ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း၊ ရပ်စောက်မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းပိုင် မူလတန်းကြိုကျောင်းအား ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလမှ စတင်တည်ဆောက်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း (ဗဟို) ၏ မတည်ထောက်ပံ့ငွေကျပ်သိန်း (၂၁၀)၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ငွေကျပ် (၁၅၈ ဒသမ ၈၈)သိန်း၊ ရှမ်းပြည် နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ လှူဒါန်းငွေကျပ် (၂၅) သိန်း၊ ရွှေပုဇွန်ကုမ္ပဏီလီမိတက်မှ လှူဒါန်းငွေကျပ်သိန်း (၁၅၀)နှင့် စေတနာရှင် အလှူရှင်များမှ လှူဒါန်းမှုတို့ဖြင့် စုစုပေါင်းကုန်ကျစရိတ်တန်ဖိုးငွေကျပ် သိန်းပေါင်း (၆၉၈)သိန်းကျော်ဖြင့် ဆောက်လုပ်ခဲ့သည့် ကျောင်းဆောင်ဖြစ်ပါကြောင်းပြောကြားသည်။

ယင်းနောက် ရှမ်းပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဒေါ်စိုးပပမှ ကျေးဇူးတင်စကား ပြောကြားသည်။

၎င်းနောက် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း (ဗဟို) ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ စန်းစန်းမြင့်အောင်နှင့် တာဝန်ရှိသူများက မူကြိုကလေးငယ်များအတွက် ကျောင်းဝတ်စုံများ၊ သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးအပ်ပြီး မူလတန်းကြိုကျောင်းအတွင်း လှည့်လည်ကြည့်ရှုကာ မူကြိုကလေးငယ်များအား အာဟာရကျွေးမွေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ တောင်ကြီးမြို့နယ်၊ မိုင်းသော်ရှေ့ကျေးရွာအုပ်စု၊ တောင်နီကျေးရွာနှင့် ညောင်ဖြူစခန်း ရပ်ကွက်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင် ၂၄ ဦးတို့အား ဌက်ပျောသီး၊ ကြက်ဥ၊ အိုင်အိုဒင်းဆား၊ ကွေကာအုပ် စသည့် အာဟာရပစ္စည်း (၄) မျိုးအား ထောက်ပံ့ပေးအပ်ခြင်းနှင့်သားဖွားခန်းအတွင်းရှိ မွေးလူနာခန်း၊ ဆေးခန်းအတွင်း အပြင်တို့အား လှည့်လည်ကြည့်ရှူစစ်ဆေးပြီး တောင်ကြီးမြို့၊ ညောင်ဖြူစခန်းရပ်ကွက်ရှိ မူလတန်းကြိုကျောင်းမှ မူကြိုကလေးငယ်များအတွက် ကျောင်းဝတ်စုံများ၊ သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းနှင့် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။


ကျော်ဇင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)