မြစ်သားမြို့နယ်အတွင်းသို့ ဒေသအသီးသီးမှ‌‌ ပြောင်းလာသော ယာယီနေရပ်စွန့်ခွာပြည်သူ (၃၃၆) ဦးအား ငွေများပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြစ်သားမြို့နယ်အတွင်းသို့ ဒေသအသီးသီးမှ‌‌ ပြောင်းလာသော ယာယီနေရပ်စွန့်ခွာပြည်သူ (၃၃၆) ဦးအား ငွေများပေးအပ်





မြစ်သား  ၊ မေ ၁၈


မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြိုနယ်အတွင်းသို့ ဒေသအသီးသီးမှ‌ ပြောင်းလာသော ယာယီနေရပ်စွန့်ခွာပြည်သူ (၃၃၆) ဦးအား ငွေများ ပေး အပ်​ခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ ယမန်‌နေ့ နံနက်ပိုင်း အချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ယာယီနေရပ်စွန့်ခွာပြည်သူများထံသို့ ငွေများ ပေးအပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်နှင့်အဖွဲ့ဝင်များ ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများက တစ်ဦးလျှင် ကျပ် ၄၀၀၀၀/-နှုန်းဖြင့် အိမ်ထောင်စု (၁၂၆)စုမှ လူဦးရေ (၃၃၆) ဦးတို့အတွက် စုစုပေါင်း ကျပ် ၁၃၄၄၀၀၀၀/-အား ယာယီနေရပ်စွန့်ခွာပြည်သူများ လက်ဝယ်သို့ အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။


ဝင်းမင်းထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)