ဒွါဒသမအကြိမ် သုတစုံလင်ဗုဒ္ဓဝင်ဖြေဆိုပူဇော်ပွဲကြီးဆိုင်ရာအလှူငွေပေးအပ်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒွါဒသမအကြိမ် သုတစုံလင်ဗုဒ္ဓဝင်ဖြေဆိုပူဇော်ပွဲကြီးဆိုင်ရာအလှူငွေပေးအပ်ပွဲ ကျင်းပ





တာမွေ   ၊ မေ ၁၈


မြန်မာနိုင်ငံလုံးဆိုင်ရာသုတစုံလင်ဗုဒ္ဓဝင်အဖွဲ့(ဗဟို)၏ ပရိယတ္တိသာသနာပြု မဟာဗုဒ္ဓဝင်ပြန့်ပွါးရေးဓမ္မဒါနအဖြစ် ဒွါဒသမအကြိမ် သုတစုံလင်ဗုဒ္ဓဝင် ဖြေဆိုပူဇော်ပွဲကြီးဆိုင်ရာ အလှူငွေပေးအပ်ပွဲကိုယမန်နေ့မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ ဇမ္ဗူသီရိဗိမာန်တော်၌ ကျင်းပရာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ သန်လျင်မင်းကျောင်း ဆရာတော် ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသ အမှူးပြုသည့် ဆရာတော်ကြီးများ၊ မြန်မာနိုင်ငံလုံးဆိုင်ရာသုတစုံလင်ဗုဒ္ဓဝင်အဖွဲ့ (ဗဟို) ဥက္ကဋ္ဌ ဆရာတော်ဒေါက်တာပဏ္ဍိတဘိက္ခုနှင့် ဂုဏ်ထူးဆောင်ဆရာတော်များ ကြွရောက်တော်မှုကြပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီးဦးဌေးအောင်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင်အဖွဲ့ဝင်များ၊ အလှူရှင်များ တက်ရောက်ပူဇာ်ခဲ့ကြသည်။


ရှေးဦးစွာအခမ်းနားကို နမောတဿ (၃) ကြိမ် ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်ပြီး တက်ရောက်လာကြသည့် ဧည့်ပရိတ်သတ်များနှင့် အလှူရှင်များက ရန်ကုန်တိုင်းဒေသကြီး သံဃနာယကဥက္ကဋ္ဌ သုတစုံလင်ဗုဒ္ဓဝင်အဖွဲ့-ဗဟို၏ ဩဝါဒါစရိယ ဒွိပိဋကဓရ ဘဒ္ဒန္တအဂ္ဂသာမိ မဟာထေရ်အရှင်သူမြတ်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ခဲ့ကြသည်။


ယင်းနောက် မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင်အဖွဲ့(ဗဟို) ဥက္ကဋ္ဌ-ဒေါက်တာပဏ္ဍိတဘိက္ခုက ယနေ့ကျင်းပသည့်ဒွါဒသမအကြိမ် သုတစုံလင်ဗုဒ္ဓဝင်ဖြေ ဆိုပူဇော်ပွဲ အခမ်းအနားဆိုင်ရာများကို လျှောက်ထားခဲ့ပြီး၊ နိုင်ငံတော်သံဃမဟာနာယကဥက္ကဋ္ဌ သုတစုံလင်ဗုဒ္ဓဝင်အဖွဲ့(ဗဟို)၏ ဩဝါဒါစရိယ သန်လျင်မင်းကျောင်းဆရာတော်ကြီး ထံမှ အဖွင့်ဩဝါဒကထာ နာယူခဲ့ကြသည်။


ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးရာဝန်ကြီးဦးဌေးအောင်က ဒွါဒသမအကြိမ် သုတစုံလင်ဗုဒ္ဓဝင်ဖြေဆိုပူဇော်ပွဲနှင့်စပ်လျဉ်း၍ ဝမ်းမြောက်ကြောင်း ရှောက်ထားပြီး၊ သုတစုံလင်ဗုဒ္ဓဝင်ဖြေဆိုပူဇော်ပွဲကြီးတွင် ဝတ်ရုံဆင်မြန်းနိုင်ရန်အတွက် ဗဟိုအဖွဲ့ဝင်ဆရာတော်ကြီးများသံဃာတော်များအား သက်ဆိုင်ရာ အလှူရှင်များက သင်္ကန်းများကိုယ်တိုင်ကိုယ်ကျ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။


ဆက်လက်၍ အလှူရှင်များက အလှူငွေများပေးအပ်ရာ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်နှင့်မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင်အဖွဲ့(ဗဟို)နာယကဦးစိန်မော်၊ ဘဏ္ဍာရေးမှူးဒေါက်တာမြသီတာနှင့် တာဝန်ရှိသူများက လက်ခံရယူကြသည်။


ယင်း​နာက်သုတစုံလင်ဗုဒ္ဓဝင်အဖွဲ့(ဗဟို) ဂုဏ်ထူးဆောင်နာယက၊ မနာပဒါယီကိုရီးယား ဆရာတော် အရှင်ဝိစိတ္တထံမှလှူဒါန်းမှုအစုစုတိုအတွက် အနုမောဒနာတရားနာယူကြပြီး ရေစက်သွန်းချအမျှပေးဝေကြကာ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။


အောင်မြင့်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)