ထားဝယ်မြို့၌ “ကမ္ဘာတစ်ဝန်း ပလတ်စတစ်ညစ်ညမ်းမှု အဆုံးသတ်ရေး စုပေါင်းအားဖြင့် ဆောင်ရွက်ပေး” ခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ပွဲနှင့်ပန်းချီပိုစတာပြိုင်ပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ထားဝယ်မြို့၌ “ကမ္ဘာတစ်ဝန်း ပလတ်စတစ်ညစ်ညမ်းမှု အဆုံးသတ်ရေး စုပေါင်းအားဖြင့် ဆောင်ရွက်ပေး” ခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ပွဲနှင့်ပန်းချီပိုစတာပြိုင်ပွဲ ကျင်းပ

 



ထားဝယ် ၊ မေ  ၂၇


၂၀၂၅ ခုနှစ်၊ ဇွန်လ  ၅  ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ထားဝယ်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ “ကမ္ဘာတစ်ဝန်း ပလတ်စတစ်ညစ်ညမ်းမှု အဆုံးသတ်ရေး စုပေါင်းအားဖြင့် ဆောင်ရွက်ပေး Ending Plastic Pollution Globally ခေါင်းစဉ်ဖြင့် စာစီစာကုံး ပြိုင်ပွဲနှင့်ပန်းချီပိုစတာပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက ထားဝယ်မြို့၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း ခန်းမ၌ ကျင်းပသည်။

ပြိုင်ပွဲတွင် အခြေခံပညာကျောင်းပေါင်းစုံမှ (အထက်တန်းနှင့်အလယ်တန်း) အဆင့် ကျောင်းသား၊ ကျောင်းသူများ၏ ဝင်ရောက်ဖြေဆိုယှဉ်ပြိုင်နေမှုကို တိုင်းဒေသကြီးပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးဇော်မင်းအုန်းနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးသည်။

“ကမ္ဘာတစ်ဝန်း ပလတ်စတစ်ညစ်ညမ်းမှု အဆုံးသတ်ရေး အဆုံးသတ်ရေးစုပေါင်းအားဖြင့် ဆောင်ရွက်ပေး” ခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ ၄၅ ဦး၊ ပန်းချီပိုစတာပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ ၂၃ ဦးတို့က ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

ထို့သို့ ဝင်ရောက်ယှဉ်ပြိုင်ဖြေဆိုခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသုံးဗလာစာအုပ်၊ ဘောပင်၊ မုန့်များနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။


ငွေဇင်ယော်(ထားဝယ်)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)