ဒဂုံတောင်၊ မေ ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ၂ဝ၂၅-၂ဝ၂၆ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက် (၁၀)နာရီအချိန်က ကျင်းပရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုနှင့် စီမံအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းလွင်နှင့် စီမံအဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူးဦးငွေသူရ၊ မြို့နယ်ပညာရေးမှူးဦးကီလောဟနှင့် ဆရာ/ဆရာမများ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကျောင်းအကျိုးတော်ဆောင်များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ အမှတ်(၂) ခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက မြန်မာ့ကျောင်းတေးသီချင်းဖြင့် အခမ်းအနားကို ဖွင့်လှစ်ကာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဒေါက်တာရွှေပြည်စိုး က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ခရိုင်ပညာရေးမှူး ဦးငွေသူရ က ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးလုပ်ငန်းများနှင့်ပတ်သက်၍လည်းကောင်း၊ ကျောင်းအပ်နှံမှုအခြေအနေတို့အားလည်းကောင်း ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးစန်းလွင် က အဖွင့်အမှာစကား အား လည်းကောင်း၊ မြို့နယ်ပညာရေးမှူး ဦးကီလေဟ က ကျောင်းလက်ခံရေးနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။
ဆက်လက်ပြီး နိုင်ငံတော်မှပေးအပ်သော ကျောင်းသုံးစာရေးကိရိယာများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဒေါက်တာရွှေပြည်စိုး၊ ခရိုင်ပညာရေးမှူး ဦးငွေသူရ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းလွင်၊ မြို့နယ်ပညာရေးမှူး ဦးကီလောဟ တို့ကပေးအပ်ရာ အထက(၂) ကျောင်းသား/သူလေးများက လက်ခံရယူခဲ့ကြသည်။
ထို့နောက် အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများက “ဇာတိမာန်”တေးသီချင်းဖြင့် သီဆိုဖျော်ဖြေကာ အခမ်းအနားအား ရုတ်သိမ်းခဲ့ကြောင်း သိရှိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment