ရွှေတောင် မြို့နယ်၌ ၂၀၂၅ - ၂၀၂၆ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင် မြို့နယ်၌ ၂၀၂၅ - ၂၀၂၆ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ





ရွှေတောင်၊ မေ ၂၉

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့အခြေခံပညာနှင့် စက်မှု ၊စိုက်ပျိုး၊မွေးမြူရေးအထက်တန်းကျောင်း ၊ရတနာခန်းမတွင် ယနေ့နံနက်ပိုင်းက ၂၀၂၅ - ၂၀၂၅၆ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပခဲ့သည်။ 

အခမ်းအနားတွင် အထက- ရွှေတောင် ကျောင်းသား၊ ကျောင်းသူ လေးများက" မြန်မာ့ကျောင်း"သီချင်းသီဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌဦးဟံဝင်းအောင်က အဖွင့်အမှာစကားပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင် နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး၊ မြို့နယ်အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက

 နိုင်ငံတော်မှ အခမဲ့ထောက်ပံ့သောကျောင်းသုံးပုံနှိပ်စာအုပ်များနှင့် ဗလာစာအုပ် ၊ဘောပင်၊ ခဲတံ၊ ကျောင်းဝတ်စုံများ၊ သင်ထောက်ကူပစ္စည်းများထောက်ပံ့ပေးအပ်ခဲ့ပြီး အထက- ရွှေတောင် ကျောင်းသား၊ကျောင်းသူ လေးများက" ဇာတိမာန်"သီချင်းသီဆို၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်းသိရသည်။ 


ကိုကိုမင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)