မြောက်ဥက္ကလာပ၊ မေ ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများတွင် ကျောင်းအပ် လက်ခံခြင်းကို ယနေ့နံနက် ၉ နာရီမှစ၍ မြို့နယ်အတွင်းရှိ သက်ဆိုင်ရာ ကျောင်းများအလိုက် စတင်ဆောင်ရွက်ပေးလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသား မိဘများ အေးချမ်း ပျော်ရွှင်စွာ ကျောင်း လာရောက် အပ်နှံလျက်ရှိကြောင်းသိရသည်။
အဆိုပါ ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်လက်ခံရာတွင် မြောက်ဥက္ကလာပမြို့နယ်တွင် အခြေခံပညာကျောင်း ၆၃ ကျောင်း၊ ဘုန်း တော်ကြီးသင်ပညာ ရေး သင်ကျောင်း ၁၀ ကျောင်း၊ ကိုယ်ပိုင် ကျောင်း ၁၉ ကျောင်း ရှိရာ ယနေ့မှစ၍ သက်ဆိုင်ရာ ကျောင်းများအလိုက် ဆရာ၊ ဆရာမများက ကျောင်းအပ် လက်ခံခြင်းကို စတင်ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၅ -၂၀၂၆ ပညာသင်နှစ်အတွက် မြို့ နယ်အတွင်း စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၅၀၆၁၁ ဦးရှိကြောင်းသိရပြီး ကျောင်းအပ်လက်ခံရာတွင် ကျောင်းသား၊ ကျောင်းသူများအား သက်ဆိုင်ရာအတန်းနှင့် ဘာသာရပ်အလိုက် သင်ရိုးစာအုပ် ၊ကျောင်း၀တ်စုံ ၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံတို့အား ကျောင်းသား တစ်ဦးချင်းစီအလိုက် ကျောင်းအပ်နှံစဉ် တစ်ပါတည်း ထောက်ပံ့ပေးလျက်ရှိကြောင်းမြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။
သက်လွင်စိုး
https://t.me/MyanmarNationalPost
No comments:
Post a Comment