အုတ်တွင်းမြို့နယ်၌ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးနှင့် ဓာတ်အားပျောက်ဆုံးမှုလျော့နည်းပပျောက်ရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အုတ်တွင်းမြို့နယ်၌ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးနှင့် ဓာတ်အားပျောက်ဆုံးမှုလျော့နည်းပပျောက်ရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်

 



အုတ်တွင်း  ၊ မေ ၂၆

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ်၌ မြို့နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးနှင့် ဓာတ်အားပျောက်ဆုံးမှုလျော့နည်းပပျောက်ရေးအတွက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်းကို မေ ၂၄ ရက်နေ့ နံနက်ပိုင်းမှ စတင်၍ ရပ်ကွက်/ ကျေးရွာများအတွင်းသို့ တစ်အိမ်တက်ဆင်းလိုက်လံ စစ်ဆေးဆောင်ရွက်လျက်ရှိသည်။

အဆိုပါစစ်​ဆေးဆောင်ရွက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအဏ္ဏဝါအောင်နှင့် အဖွဲ့ဝင်များ၊ တောင်ငူခရိုင် လျှပ်စစ်အင်ဂျင်နီယာ ဦးသက်နိုင်ဝင်းနှင့် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးဇင်မင်းထွန်းတို့က ဦးဆောင်၍ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ ဝန်ထမ်းများက ရပ်ကွက်/ ကျေးရွာအတွင်းရှိ ထရန်စဖော်မာများ၊ ပါဝါမီတာများနှင့် အိမ်သုံးမီတာများအား ဓာတ်အားပြတ်တောက်မှုလျှော့ချနိုင်ရေးနှင့် ဓာတ်အားပျောက်ဆုံးမှုလျှော့ချနိုင်ရေးအတွက် တစ်အိမ်တက်ဆင်း လိုက်လံကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ သိရသည်။


ခင်ခင်မာ 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)