မေ - ၂၄ ( စနေနေ့ )
ရုရှားနိုင်ငံသည် အာဖရိကနိုင်ငံများအား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့မှု ကြီးထွားလာစေရန် အတွက် လုပ်ငန်းတစ်စိတ်တစ်ပိုင်းအဖြစ် ဘာကီနာဖာဆိုနိုင်ငံကို ရိက္ခာအကူအညီ ၇၀၉ ဒသမ ၅ တန်ကို ယခု မေလတွင် ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဌာန က ဆိုပါတယ်။
ထို့အပြင် မော်စကိုသည် နိုင်ဂျာနိုင်ငံသို့ ဂျုံတန်ချိန် ၂သောင်းအထိ ပေးပို့ရန် တရားဝင်လုပ်ထုံးလုပ်နည်းများကို အပြီးသတ်လုပ်ဆောင်နေတယ်လို့ ရုရှားစိုက်ပျိုးရေးဝန်ကြီး က သတင်းဌာနများသို့ ပြောကြားခဲ့ပါတယ်။ "သဘောတူညီချက်များရရှိပါက" နောက်ထပ်အကူအညီများကို စီစဉ်နိုင်တယ်လို့ ၎င်းက ဆိုပါတယ်။
မကြာသေးမီလများအတွင်း ဇင်ဘာဘွေနိုင်ငံသို့ ပဲ ၅၅၉ တန်နှင့် နေကြာဆီ ၁၆၄ တန်တို့ကို ( ၂၀၂၄ ဒီဇင်ဘာလ)က ပေးပို့ခဲ့ပြီး၊ ဗဟိုအာဖရိကသမ္မတနိုင်ငံသို့ ဒီဇယ်လောင်စာ တန်ချိန် ၂၉,၄၀၀ နှင့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင် ပေးပို့ခဲ့ပါတယ်။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပံ့ပိုးမှုများ ဆက်လက်လုပ်ဆောင်ရန် ရုရှားနိုင်ငံက အဆင်သင့်ရှိကြောင်း၊ ပြည်တွင်းအရန်ငွေများသည် အနာဂတ်တောင်းဆိုမှုများကို ဖြည့်ဆည်းပေး နိုင်ကြောင်း အတည်ပြုခဲ့ပါတယ်။ နောက်ထပ်လာမယ့်အကူအညီတွေက နိုင်ငံတော်အဆင့်အရသွားမှာဖြစ်ပြီး နိုင်ငံ့ခေါင်းဆောင်များကြား ညှိနှိုင်းမှုအပေါ် မူတည်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါတယ်။
အာဖရိကလေ့လာရေးဆိုင်ရာ အဆင့်မြင့် စီးပွားရေးစင်တာ၏ လက်ထောက်ညွှန်ကြားရေးမှူး ဗီဆီဗိုလော့ က အာဖရိကနိုင်ငံများသည် လူသားချင်းစာနာထောက်ထားမှုအကူအညီအပေါ် မှီခိုအားထားမှုကို လျှော့ချရန် ရေရှည်အလားအလာရှိသည်ဟု ပြောကြားခဲ့ပါတယ်။ ရုရှားက စားနပ်ရိက္ခာထောက်ပံ့ခြင်းကဲ့သို့ ရိုးရာအကူအညီများ ပေးပို့မဲ့အစား စိုက်ပျိုးရေး၊ ဓါတ်မြေသြဇာ သို့မဟုတ် မျိုးစေ့များအတွက် ဒစ်ဂျစ်တယ်နည်းပညာများကဲ့သို့သော ကိရိယာများ ပံ့ပိုးပေးခြင်းဖြင့် ထူးခြားသောချဉ်းကပ်မှုကို ပေးစွမ်းတာက ပိုကောင်းမယ်လို့ အကြံပြုခဲ့ပါတယ်။ ဇန်နဝါရီလအတွင်းကလည်း အီသီယိုးပီးယားသို့ စပါးတန်ချိန် ၁၆၀၀ ကို ပေးပို့ခဲ့ကြောင်း အဒိအဘာဘာ ရှိ ရုရှားသံရုံးမှ အတည်ပြုခဲ့ပါတယ်။ ဒီဇင်ဘာ ၃၀ ရက်က မော်စကိုသည် ဂီနီနိုင်ငံ ကိုနခရီ ဆိပ်ကမ်းမှတစ်ဆင့် မာလီသို့ ဂျုံ ၆၅ တန်ကျော် ပေးပို့ခဲ့ပါတယ်။
ဖေဖော်ဝါရီလအတွင်းက သမ္မတ ဗလာဒီမာပူတင်နှင့် တွေ့ဆုံစဉ် စိုက်ပျိုးရေးဝန်ကြီး ဒီမီထရီ ပါထရူးရှက်ဗ် က ရုရှားသည် ဝင်ငွေနည်း အာဖရိကနိုင်ငံ ခြောက်နိုင်ငံသို့ ဂျုံတန်ချိန် ၂၀၀,၀၀၀ ပေးပို့မှု အပြီးသတ်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
REF: RT
https://t.me/MyanmarNationalPost
No comments:
Post a Comment