မြန်မာသံရုံး၊ စင်ကာပူမြို့ သံရုံးယာယီတာဝန်ခံ/ သံအမတ်က စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့တောင်အာရှဌာန ညွှန်ကြားရေးမှူးချုပ်အား သွားရောက်တွေ့ဆုံ - Myanmar National Post

Myanmar National Post

News Agency

Breaking

မြန်မာသံရုံး၊ စင်ကာပူမြို့ သံရုံးယာယီတာဝန်ခံ/ သံအမတ်က စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့တောင်အာရှဌာန ညွှန်ကြားရေးမှူးချုပ်အား သွားရောက်တွေ့ဆုံ



စင်ကာပူ၊ မေ ၁

မြန်မာသံရုံး၊ စင်ကာပူမြို့မှ သံရုံးယာယီတာဝန်ခံ/သံအမတ် ဒေါက်တာဇော်မင်းအောင် သည် စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့တောင်အာရှဌာန၊ ညွှန်ကြားရေးမှူးချုပ် Mr. LOY Hui Chien အား ၂၀၂၅ ခုနှစ် ဧပြီလ ၃၀ ရက်နေ့၊ နံနက် ၁၁:၀၀ နာရီတွင် စင်ကာပူ နိုင်ငံခြားရေး ဝန်ကြီးဌာန၌ သွားရောက်တွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာ-စင်ကာပူ နှစ်နိုင်ငံဆက်ဆံရေးနှင့် နှစ်ဖက်ပူးပေါင်း ဆောင်ရွက်သွားနိုင်မည့် အလားအလာများ၊ အာဆီယံတွင်း ပူးပေါင်းဆောင်ရွက်ရေးနှင့် စင်ကာပူ နိုင်ငံရှိ မြန်မာနိုင်ငံသားများအရေးကိစ္စနှင့် ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်း သိရသည်။ 

သံရုံးယာယီတာဝန်ခံက စင်ကာပူနိုင်ငံအစိုးရမှ ငလျင်ဘေးဒဏ်တွေ့ကြုံခဲ့ရသော မြန်မာပြည်သူ များထံသို့ လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပေးအပ်ခဲ့ခြင်းနှင့် ကယ်ဆယ်ရေးအဖွဲ့များ စေလွှတ်ခဲ့ခြင်းအတွက် ကျေးဇူးတင်ရှိကြောင်း ဆွေးနွေးပြောကြားခဲ့သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)