ကြံခင်းမြို့နယ်လုံးဆိုင်ရာ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကြံခင်းမြို့နယ်လုံးဆိုင်ရာ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ









ကြံခင်း၊ မေ ၂၉

ဧရာဝတီတိုင်း‌ဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်း၊ အောင်ကျော်ခန်းမ၌ ယနေ့ နံနက် ၈ နာရီက ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပခဲ့ရာ ခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ် ပညာရေးမှူးရုံးမှ ဝန်ထမ်းများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ၊  ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ များနှင့် မိဘအုပ်ထိန်းသူများ စုစုပေါင်း ၂၅၁ ဦး တက်ရောက်ကြသည်။

အခမ်းနားကို အခြေခံပညာမူလတန်းကျောင်း (အင်းလပ်ရှေ့) ကျောင်းသား၊ ကျောင်းသူများ က “ကျောင်းအပ်ကြပါစို့” သီချင်းဖြင့် သီဆိုဖျော်ဖြေ၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး မြန်အောင်ခရိုင် ပညာရေးမှူး(ကိုယ်စား) လက်ထောက်ညွှန်ကြားရေးမှူး ‌ဒေါ်နန်းဦးခင်က “ကျောင်းနေအရွယ် ကလေး အားလုံး စဥ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ ကြံခင်းမြို့နယ် အတွင်း ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် မေလ ၂၉ ရက်နေ့ထိ မူလတန်းမှ အထက်တန်းအထိ ကျောင်းသား၊ ကျောင်းသူ ၁၃၅၄၇ ဦး ရာခိုင်နှုန်းအားဖြင့် ၉၁.၅၀ နှုန်း ကျောင်းလက်ခံဆောင်ရွက် ထားပြီးဖြစ်ကြောင်း၊ နိုင်ငံတော်မှ(အခမဲ့) ပညာရေးစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်ရာ တွင် KG မှ အထက်တန်းအထိ ကျောင်းသုံး ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ဘောပင်နှင့်ခဲတံ တို့ကို လည်းကောင်း၊ မူလတန်း ‌ကျောင်းသား၊ ကျောင်းသူများကို ကျောင်းဝတ်စုံများ‌ ထောက်ပံ့ပေးခဲ့ပါ ကြောင်း ပြောကြားပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းလှိုင်က “လူငယ်လူရွယ်အားလုံး၊ ကျောင်းနေရမည့် အရွယ်အားလုံး ကျောင်းနေနိုင်ရေးနှင့် ပညာကိုဆုံးခန်းတိုင် သင်ယူနိုင်ရေးသည် အလွန်အရေးကြီးကြောင်း၊ အချိန်မတိုင်မီအကြောင်းအမျိုးမျိုးကြောင့် ကျောင်းထွက်ကြရပြီး ကျောင်း နှင့်ကင်းကွာ ပညာရေးနိမ့်ကျသည့် လူငယ်များမဖြစ်အောင် တာဝန်ရှိသူများ၊ မိဘများနှင့် ဆရာ၊ ဆရာမများက ဝိုင်းဝန်းထိန်းသိမ်းသွားကြရန်” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ ဩဝါဒ စကားများထဲမှ သိရှိနိုင်စေရန် ထပ်ဆင့်ပြောကြားခြင်းဖြစ်ကြောင်း၊ ဆင်းရဲနွမ်းပါး မိသားစုများနှင့် ယာယီ နေရပ်စွန့်ခွာသူများ၏ ကျောင်းနေအရွယ်သားသမီးများ ကျောင်းတက်ရောက် သင်ကြားနိုင်ရေး တာဝန်ရှိသူများအားလုံးက ပူးပေါင်း၍ စာသင်ခန်းသို့ ရောက်ရှိလာအောင် ကူညီပေးစေလိုကြောင်း တိုက်တွန်းပြောကြားသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းလှိုင်၊ ခရိုင်ပညာရေးမှူးရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ‌ဒေါ်နန်းဦးခင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူး သောင်းထွဋ်လွင်၊ အတွင်း‌ရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြည်စိုးနှင့်အဖွဲ့ဝင်များက ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အတွက် နိုင်ငံတော်မှ (အခမဲ့) ပေးအပ်သော ကျောင်းသုံး ပုံနှိပ်ပြဋ္ဌာန်းစာအုပ်များ၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံနှင့် ကျောင်းဝတ်စုံများ‌ ပေးအပ်ကြရာ ကျောင်းသား၊ ကျောင်းသူများက လက်ခံရယူ ကြပြီး အခြေခံပညာမူလတန်းကျောင်း (အင်းလပ်ရှေ့) ကျောင်းသား၊ ကျောင်းသူများက “ဇာတိမာန်” သီချင်းဖြင့် သီဆိုဖျော်ဖြေကြသည်။ ယင်းနောက် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ‌ဒေါ်စိုးစိုးတင်က ကျောင်းအပ်နှံရေးအခမ်းအနားတွင် ပါဝင်ကူညီ ဖျော်ဖြေခဲ့ကြသော အ.မ.က(အင်းလပ်ရှေ့) ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြကြောင်း သိရသည်။  


ဖြိုးဝေလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)