ကျောက်ဆည်ခရိုင် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်အသင်းမှ ဆီဝယ်စာအုပ်တစ်အုပ်လျှင် (၂)ပိဿာနှုန်း ဖြင့် စားအုန်းဆီများရောင်းချပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျောက်ဆည်ခရိုင် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်အသင်းမှ ဆီဝယ်စာအုပ်တစ်အုပ်လျှင် (၂)ပိဿာနှုန်း ဖြင့် စားအုန်းဆီများရောင်းချပေး



ကျောက်ဆည် ၊  မေ‌ ၃၀


မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်အသင်းမှ ကျောက်ဆည်ခရိုင်အတွင်းနေထိုင်ကြသောပြည်သူများ စားသုံးဆီအခက်အခဲမရှိစေရေး စားအုန်းဆီတင်သွင်းဖြန့်ဖြူးလျက်ရှိသော ကုမ္ပဏီများနှင့်ဆက်သွယ်၍ စားအုန်းဆီများဝယ်ယူ၍ စဉ်ဆက်မပြတ်ရောင်းချပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ကျောက်ဆည်၊ စဉ့်ကိုင်မြို့နယ်များနှင့် ကူမဲ၊ပလိပ်မြို့နယ်ခွဲများတွင် ဈေးနှုန်းချိုသာစွာဖြင့် စားအုန်းဆီများ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။


အဆိုပါရောင်းချသည့် စားအုန်းဆီများကို Resources Group Trading Co.Ltd ကမ္ပဏီမှ ဝယ်ယူခြင်းဖြစ်ကြောင်းနှင့်ဝယ်ယူရာတွင် တစ်ပိဿာ ငွေ(၆၅၂၅)ကျပ်ဖြင့် ဝယ်ယူ၍ စဉ့်ကိုင်မြို့နယ် အုန်းပင်ခြံကျေးရွာသို့ ရောင်းချရာတွင် စားအုန်းဆီတစ်ပိဿာ ငွေ(၇၆၄၀) ကျပ်ဖြင့် ဆီဝယ်စာအုပ် တစ်အုပ်လျှင် (၂)ပိဿာနှုန်းရောင်းချပေးခဲ့ကြောင်း သိရသည်။


စုစုအေး(ကျောက်ဆည်)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)