နေပြည်တော်၊ မေ ၉ ရက်
မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် လမ်းတံတား၊ အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ရသည့် နေရာများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို တိုင်းစစ်ဌာနချုပ်အသီးသီးမှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်ပနိုင်ငံများမှ ကူညီကယ်ဆယ်ရေး အဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုကူညီရေးအသင်း/အဖွဲ့များနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ အချိန်နှင့်တပြေးညီ ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ ရန်နိုင်ရပ်ကွက်ရှိစောင့်ရှောက်ရေးစခန်း၌ ငလျင်ဘေးဒဏ်သင့် ပြည်သူများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှု ဦးစီးဌာနမှ ဆန်ရိက္ခာဖိုး၊ အိမ်ဆောက်ပစ္စည်းဖိုး၊ သေဆုံး/ ဒဏ်ရာရ မိသားစုများ တွက် ငွေကျပ်(၂၉၅၃၀၀၀၀)သိန်း၊ အာဆီယံလူသားချင်း စာနာထောက်ထားမှုကူညီရေး ညှိနှိုင်းမှုဗဟိုဌာန (AHA Center)က မီးဖိုချောင်းသုံးပစ္စည်းများ ထောက်ပံ့ပေးဝေနေမှု များနှင့် အပြင်းအထန်ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ဆေး တိုက်ကျွေးနေမှုများကို ကြည့်ရှုအားပေးကြသည်။
ဆက်လက်ပြီး ဒုတိယဗိုလ်ချုပ်ကြီးနှင့် တာဝန်ရှိသူများသည် ရန်နိုင်ရပ်ကွက်ရှိအခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ ၂၀၂၅-၂၀၂၆ပညာသင်နှစ်တွင် ကျောင်းသား/သူများ စိတ်အေးချမ်းစွာပညာသင်ကြားနိုင်ရေး၊ ကျောင်းပရဝုဏ် သန့်ရှင်းသာယာလှပ ရေး၊ စည်းကမ်းစနစ်တကျရှိစေရေး၊ ရေစီးရေလာကောင်းမွန်ရေး၊ ကျောင်းအုတ်တံတိုင်းများ ပြန်လည်ပြုပြင်မွမ်းနိုင်ရေးနှင့် တိုးချဲ့ကျောင်းဆောင်သစ်များ ဆောက်လုပ်နေမှု တို့အတွက် ကျောင်းတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက သည်။
ယင်းနောက် ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ နန်းဦးမြို့သစ်ရှိ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးနေသော ဝန်ထမ်းအိမ်ယာ အဆောက် အဦများ အကြီးစားပြင်ဆင်နေမှုနှင့် ယာယီအဆောက်အဦဆောက်လုပ်နေမှုများ၊ စစ်ကိုင်းတောင်ရိုးရှိ ဆွမ်းဦးပုညရှင်စေတီတော်၌ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီး လျက်ရှိသော သာသနိကအဆောက်အဦများကို တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲ တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ၊ စေတနာရှင်ပြည်သူများနှင့် စေတနာရှင် ကုမ္ပဏီများမှ ပူးပေါင်း၍ စုပေါင်းလုပ်အားပေး ရှင်းလင်းဖယ်ရှားနေမှုအခြေအနေများ၊ သောတပန်ရပ်ကွက်ရှိ ဗုဒ္ဓပြတိုက်နှင့် ယဉ်ကျေးမှုပြတိုက်တို့တွင် ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးလျက်ရှိသော အဆောက်အဦများနှင့် ပါရမီရပ်ကွက်ရှိ လူနေအဆောက်အဦ များနှင့် ပါရမီရပ်ကွက်ရှိ လူနေအဆောက်အအုံများအား စက်ယန္တရားများဖြင့် ရှင်းလင်း ဖယ်ရှာနေမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
မွန်းလွဲပိုင်းတွင် စစ်ကိုင်းမြို့၊ ပိုးတန်းရပ်ကွက်ရှိ မြို့နယ်အားကစားခန်းမရှိ ငလျင်ဒ ဏ်သင့်ပြည်သူများ အတွက် ကူညီကယ်ဆယ်ရေးထောက်ပံ့ပစ္စည်းများ လက်ခံ/ထုပ်ရေးဌာန သို့ သွားရောက်ကာ ကူညီကယ်ဆယ်ထောက်ပံ့ရေးပစ္စည်းများ ထားရှိမှုအခြေအနေများကို ကြည့်ရှု စစ်ဆေးကြသည်။ ၎င်းနောက် ပိုးတန်းရပ်ကွက်ရှိ အိမ်တော်ရာကျောက်စေတီ အောင်မြေလောကစေတီ၌ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးလျက်ရှိသော သာသနိက အဆောက်အဦများကို ဖယ်ရှာရှင်းလင်းဖယ်ရှားနေမှုများနှင့် မင်းလမ်းရပ်ကွက်ရှိ လူနေ အဆောက်အဦများနှင့် မိုးဇာရပ်ကွက်အတွက် ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးသွားသော ရေပေးဝေရေးစက်ရုံကို ရှင်းလင်းဖယ်ရှားနေမှုအခြေအနေများအား သွားရောက်ကြည့်ရှု ၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ယင်းနောက် စစ်ကိုင်းမြို့ပေါ်ရှိ ငလျင်ဘေးဒဏ်သင့်ပြည်သူများ သောက်သုံးရေ အဆင်ပြေစေရန်အတွက် တပ်မတော်ရေသန့်စက်ရုံမှ ဧရာဝတီမြစ်ရေကိုသန့်စင်၍ သောက်သုံးရေ ဖြန့်ဝေပေးနေမှုများအားသွားရောက် ကြည့်ရှုစစ်ဆေးကြသည်။
ထို့အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်သည် တာဝန်ရှိသူများနှင့်အတူ မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်ရှိ ယောမင်းကြီးအုတ် ကျောင်း၊ အမရပူရမြို့နယ်ရှိ ဘကြီးတော်ဂူဘုရား၊ မာန်အောင်ရတနာ မဟာဗောဓိဆုတောင်းပြည့်မြတ်စွာဘုရား နေရာများ၌ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော သာသနိကအဆောက်အအုံ အပျက်အစီးများကို တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုကူညီရေး အသင်းအဖွဲ့ များပူးပေါင်း၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင် ရွက်နေသည်များ၊ အပျက်အစီးများ ဖယ်ရှားရှင်းလင်း ဆောင်ရွက်ပြီးစီးမှု အခြေအနေ များ၊ ဘုရားစေတီပုထိုးများတွင် ရှေးမူမပျက် ပြန်လည်ပြုပြင် တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ဆရာတော်ကြီး များအား အလှူငွေများပေးအပ်လှူဒါန်းသည်၊ ထို့ပြင် ငလျင်ဒဏ်ကြောင့် ထိခိုက် ပျက်စီးခဲ့သော ဘုရားစေတီပုထိုးများမှ အပျက်အစီးများရှင်းလင်းစဉ် ပြန်လည် သိမ်းဆည်း တွေ့ရှိရသော ဌာပနာပစ္စည်းများအား စနစ်တကျထားရှိထိန်းသိမ်းရန်နှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ အမြန်ဆုံးဆောင်ရွက်နိုင်ရေးတို့အတွက် တာဝန်ရှိသူများအား မှာကြား၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
၎င်းနောက် အမရပူရမြို့နယ်ရှိ အခြေခံပညာမူလတန်းလွန်ကျောင်း (ဒိုဘီကုန်း)၌ ဆရာ/ဆရာမများ၊ ရပ်မိရပ်ဖများ၊ တပ်မတော်သားများစုပေါင်း၍ အပျက်အစီးများ ဖယ်ရှားရှင်းလင်းနေမှုများနှင့် စာသင်ကျောင်းများတွင် ၂၀၂၅-၂၀၂၆ ၅-၂၀၂၆ ပညာသင်နှစ် အတွက် ကျောင်းသူ / ကျောင်းသားများ စိတ်အေးချမ်းသာစွာ ပညာသင် ညာသင်ကြားနိုင်ရေး တို့အတွက် ပြင်ဆင်ဆောင်ရွက်နေမှုများကို သွားရောက် ကြည့်ရှုအားပေးပြီး စားသောက်ဖွယ်ရာများ ပေးအပ်ကာ တာဝန်ရှိသူများအား လက်ရှိလိုအပ်နေသော ယာယီကျောင်းဆောင်အား အမြန်ဆုံး ဆောက်လုပ်ပေးနိုင်ရေး မှာကြားပြီး လိုအပ်သည် များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့နောက် ချမ်းမြသာစည်မြို့နယ်၊ လေဆိပ်အဟောင်းနေရာ၌ ဖွင့်လှစ် ထားသော ငလျင်ဘေးသင့်ပြည်သူများ ယာယီကယ်ဆယ်ရေးစခန်းသို့ သွားရောက်၍ ငလျင် ဘေးသင့် ပြည်သူများအား တွေ့ဆုံအားပေးစကား ပြောကြားပြီး ထောက်ပံ့ပစ္စည်း များပေးအပ်ကာ သန့်ရှင်းသော သောက်ရေသုံးရေဖူလုံစွာရရှိရေး စနစ်တကျစီစဉ် ဆောင်ရွက်ပေးရန်၊ ကူးစက်ရောဂါများ မဖြစ်ပွားစေရေး၊ အမှိုက်များကိုစွန့်ပစ်ကန်ဖြင့် စနစ်တကျစွန့်ပစ်နိုင်စေရေး၊ သန့်စင်ခန်းများအား လူဦးရေအချိုးအစား အလိုက် တည်ဆောက်ပေးပြီး ယင်လုံအောင် စနစ်တကျဆောင်ရွက်စေရေး၊ ယာယီနေထိုင်သူ များကို စနစ်တကျမှတ်တမ်းပြုစု ထားရှိစေရေးတို့အား မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးသန့်နိုင် နှင့် တာဝန်ရှိသူများသည် ကျောက်ဆည်မြို့ရှိ ဌာနဆိုင်ရာရုံးများဖြစ်သော ခရိုင်ပို့ဆောင် ဆက်သွယ်ရေးစီမံကိန်းဦးစီး ဌာနရုံး၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ခရိုင်ဦးစီးမှူးရုံး ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန မြန်မာ့အာမခံ လုပ်ငန်းရုံး၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ခရိုင်ရုံး၊ ခရိုင်/မြို့နယ်စာရင်းစစ်ရုံး ၊ အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေး (ဘေးမခအထွေထွေရောဂါကုဆေးခန်း)တို့ရှိအဆောက် အအုံ ပျက်စီးမှု အခြေအနေများ၊ ရုံးလုပ်ငန်းများ ပြန်လည်လည်ပတ်ဆောင်ရွက်နေမှု အခြေအနေ များကို သွားရောက်ကြည့်ရှုစစ်ဆေး၍ အဆောက်အအုံပျက်စီးဆုံးရှုံးမှုများ နှင့် ပတ်သက်၍ သက်ဆိုင်ရာဝန်ကြီးဌာနများသို့ တင်ပြ၍ လမ်းညွှန်မှုခံယူသွားရန် မှာကြား ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးသည်။
၎င်းနောက် ကျောက်ဆည်မြို့၊ ဆူးကုန်းရပ်ကွက်ရှိ မက်သဒစ် အသင်းတော် ဘုရားကျောင်း၌ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော အန္တရာယ်ရှိအဆောက်အအုံ များအား စက်ယန္တရားများဖြင့် ရှင်းလင်းဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှု စစ်ဆေးပြီး အဆောက်အအုံများအား ရှင်းလင်းဆောင်ရွက်ရာတွင် ပတ်ဝန်းကျင်ရှိအဆောက်အအုံများ ထိခိုက်ဆုံး ရှုံးမှုမရှိစေဘဲ စနစ်တကျရှင်းလင်းဆောင်ရွက်နိုင်ရေး နှင့်လျှပ်စစ်မီးကြိုးများအားစနစ်တကျ ကြိုတင်ရှင်းလင်းဆောင်ရွက်နိုင်ရေး၊ လုပ်ငန်းခွင် အန္တရာယ်ထိခိုက်မှုမရှိစေရေးနှင့် အပျက်အစီးများအား အမြန်ရှင်းလင်းဆောင်ရွက်နိုင် ရေးတို့အား မှာကြားပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။ ကျောက်ဆည်ခရိုင်အတွင်း ငလျင်ဒဏ်သင့် အဆောက်အအုံများ အား SOP စနစ်ဖြင့်ဘုတ်အဖွဲ့များဖွဲ့စည်းစစ်ဆေးခဲ့ရာ ယနေ့အချိန် အထိ အဆောက်အအုံ (၆၈၆၁)လုံးအား စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပြီး ပြန်လည်ပြုပြင် နေထိုင်နိုင်မည့်အဆောက်အအုံ(၆၅၄၄)လုံး၊ ဦးစားပေးဖြိုဖျက်ရှင်းလင်းရမည့် အန္တရာယ် ရှိ အဆောက်အအုံ(၃၁၇)လုံးမှ အဆောက်အအုံ(၂၈၇)လုံးအား ရှင်းလင်းဆောင်ရွက် နိုင်ခဲ့ကာ ဆောင်ရွက်ရန်ကျန် အဆောက်အအုံ(၃၀)လုံးဖြစ်ကြောင်း သိရှိရသည်။
၎င်းနောက် ကျောက်ဆည်မြို့၊ ဆူးကုန်းရပ်ကွက်ရှိ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန (ခရိုင်)ရုံး၌ ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော အဆောက်အအုံမှ ဌာနပိုင် ပစ္စည်းများအား ယာယီရုံးဖွင့်လှစ်မည့်နေရာသို့ ပြောင်းရွှေ့ဆောင်ရွက်နေမှု အခြေအနေ များအား သွားရောက်ကြည့်ရှုစစ်ဆေး၍ ပျက်စီးသွားသော အဆောက် အအုံများမှ အရေးကြီးစာရွက် စာတမ်းများနှင့် ဌာနပိုင်ပစ္စည်းများအား စနစ်တကျ ထိန်းသိမ်း ဆောင်ရွက်သွားရန်၊ ပြင်ဆင်အသုံးပြုနိုင်မည့်ပစ္စည်းများကိုလည်း စနစ်တကျ ပြင်ဆင်သုံးစွဲသွားရန်နှင့် အဆောက်အအုံ ပျက်စီးဆုံးရှုံးမှုများအား သက်ဆိုင်ရာ ဝန်ကြီးဌာနသို့ အမြန်ဆုံးတင်ပြ၍ လမ်းညွှန်မှုခံယူ သွားရန်မှာကြားခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက် ပေးသည်။
၎င်းနောက် ကျောက်ဆည်မြို့၊ကြက်မင်းတွန်ရပ်ကွက်ရှိ ရွှေစေတီဘုန်းကြီး ကျောင်း ၌ဖွင့်လှစ်ထားသော မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီး ဌာန(ယာယီ)ရုံး၌ ငလျင်ဒဏ်ကြောင့် ပျက်စီး/ပျောက်ဆုံးခဲ့သော နိုင်ငံသား မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်းများအား ပြန်လည်ပြုလုပ်ဆောင်ရွက်ပေးနေမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဒေသခံပြည်သူများ၏ တင်ပြချက်များအပေါ် တာဝန်ရှိသူများနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
၎င်းနောက် ကျောက်ဆည်ခရိုင်ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှုပေးလျက် MERCY Malaysia' Humanitarian Association အဖွဲ့မှ Mrs. Masniza ဦးဆောင်သော ဆေးကုသရေးအဖွဲ့၏ ကျောက်ဆည် ခရိုင်အတွင်းရှိ ဆေးကုသမှုခံယူရန်ရောက်ရှိနေသောလူနာများအား ဆေးကုသဆောင် ရွက်ပေးနေမှုအခြေအနေများအား သွားရောက်ကြည့်ရှုသည်။ အဆိုပါ မလေးရှားနိုင်ငံ အခြေစိုက် MERCY Malaysia' Humanitarian Association အဖွဲ့သည် ဧပြီ ၃၀ ရက်မှစတင်၍ ဆေးကုသများပြုလုပ်ခဲ့ပြီး မေ ၉ ရက်တွင် မလေးရှားနိုင်ငံသို့ ပြန်လည် ထွက်ခွာ မည်ဖြစ်ရာ ၎င်းဆေးကုသရေးအဖွဲ့အား ဂုဏ်ပြုလက်ဆောင်ပစ္စည်းများ ပေးအပ်၍ ကျေးဇူးတင်စကားပြောကြားသည်။
၎င်းနောက် ကျောက်ဆည်ခရိုင်အတွင်းရှိ ငလျင်ဘေးဒဏ်သင့် ပြည်သူများ အတွက် ပျက်စီးသွားသောအဆောက်အအုံများ ပြန်လည်ပြုပြင်တည်ဆောက်ရေး အတွက် လိုအပ်လျက်ရှိသော ဘိလပ်မြေ၊ သံချောင်းနှင့် အထပ်သားပြားများအား စက်ရုံထုတ်အထူးဈေးနှုန်းဖြင့် ဆဋ္ဌမမြောက်နေ့အဖြစ် ပြည်သူများ၏လက်ဝယ်သို့ ဆက်လက်ရောင်းချပေးနေမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး မြို့မိမြို့ဖများ၏ တင်ပြချက်များအပေါ် တာဝန်ရှိသူများနှင့် လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသတင်းရရှိသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment