နေပြည်တော်၊ မေ ၉
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ (၁၉၄၁-၁၉၄၅ ) မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀)ပြည့် အထိမ်းအမှတ် ညစာစားပွဲအခမ်းအနားကို ယနေ့ညပိုင်းတွင် ရန်ကုန် မြို့ရှိ Lotte Hotel ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့်ဇနီး ဒေါ်သန်းသန်းနွယ် တက်ရောက်ချီးမြှင့်သည်။
ဦးစွာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ (၁၉၄၁-၁၉၄၅) မဟာမျိုးချစ်စစ်ပွဲကြီး အောင်ပွဲ နှစ်(၈၀)ပြည့် အထိမ်းအမှတ် ညစာစားပွဲအခမ်းအနားသို့ တက်ရောက် လာကြသူများအား မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E. Mr. Iskander Azizov - :: Colonel Eduard Okladnikov တာဝန်ရှိသူများက ရင်းရင်းနှီးနှီးကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သီချင်းနှင့် ရုရှားဖက်ဒရေးရှင်း နိုင်ငံတော်သီချင်းတို့ဖြင့် အခမ်းအနားကို ဖွင့်လှစ်ပေးပြီး မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Iskander Azizov က နှုတ်ခွန်းဆက် စကားပြောကြားသည်။
ယင်းနောက် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ H.E. Mr. Vladimir Putin က ၂၀၂၅ ခုနှစ်၊ မေ ၉ ရက်တွင်ကျင်းပသည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ (၁၉၄၁-၁၉၄၅) မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀)ပြည့် အထိမ်းအမှတ် စစ်ရေးပြ အခမ်းအနား ၌ ပြောကြားသည့် မိန့်ခွန်းနှင့်သမိုင်းကြောင်း ဗီဒီယိုကို ဖွင့်လှစ်ပြသသည်။
ယင်းနောက် မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E. Mr. Iskander Azizov က တက်ရောက်လာကြသူများအား ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။ ညစာသုံးဆောင်နေစဉ်အတွင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ ယဉ်ကျေးမှု အဖွဲ့က ရိုးရာယဉ်ကျေးမှု အဆို၊ အကများဖြင့် ဖျော်ဖြေတင်ဆက် ကပြကြသည်။
ညစာစားပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် မြန်မာနိုင်ငံဆိုင်ရာ ရုရှား ဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E. Mr. Iskander Azizov တို့က အခမ်းအနား သို့ တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး တက်ရောက် လာကြသူများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ကြသည်။
အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့်ဇနီး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ တပ်မတော် အရာရှိကြီးများ၊ ရန်ကုန်မြို့ရှိ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီ တာဝန်ခံများ၊ စစ်သံမှူးများနှင့် ဖိတ်ကြားထားသူများ တက်ရောက် ခဲ့ကြသည်။
ဒုတိယကမ္ဘာစစ်အတွင်း ၁၉၄၁ ခုနှစ်၊ ဇွန် ၂၂ ရက်တွင် ဖက်ဆစ်နာဇီတို့၏ ကျူးကျော်မှုကို ခုခံတွန်းလှန်ရန် ဆိုဗီယက်ပြည်ထောင်စု(ရုရှား)သည်(၁၉၄၁- ၁၉၄၅) မဟာမျိုးချစ်စစ်ပွဲကြီးကို ပါဝင်ဆင်နွှဲခဲ့ပြီး ၁၉၄၅ ခုနှစ်၊ မေ ၈ ရက် ညဥ့်နက်ပိုင်း (မေ ၉ ရက် နံနက်၊ မော်စကိုစံတော်ချိန်)တွင် ဂျာမဏီနိုင်ငံ၊ ဘာလင်မြို့၌ ပြုလုပ်သော ဖက်ဆစ်နာဇီတို့၏ လက်နက်ချကြောင်း သဘောတူညီမှုစာချုပ် (German Instrument of Surrender)ကို ချုပ်ဆိုပြီးသည်နှင့် တစ်ပြိုင်နက် ဒုတိယကမ္ဘာ စစ်ကြီးသည် အပြီးတိုင်ချုပ်ငြိမ်းခဲ့ကြောင်း၊ ဆိုဗီယက်ပြည်ထောင်စုသည် စာချုပ်အား လက်မှတ်ရေးထိုးခဲ့သည့် မေလ ၉ ရက်နေ့ကို ဖက်ဆစ်နာဇီတို့အား အောင်နိုင်ခဲ့ သည့် အောင်ပွဲနေ့ (VictoryDay)၊ အများပြည်သူ ရုံးပိတ်ရက်အဖြစ် သတ်မှတ်ခဲ့ကြောင်း သတင်းရရှိသည်။
ညစာသုံးဆောင်နေစဉ်အတွင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ ယဉ်ကျေးမှု အဖွဲ့က ရိုးရာယဉ်ကျေးမှု အဆို၊ အကများဖြင့် ဖျော်ဖြေတင်ဆက် ကပြကြသည်။

https://t.me/MyanmarNationalPost
No comments:
Post a Comment