မြန်မာနိုင်ငံတွင်လှုပ်ခတ်ခဲ့သည့် အင်အားပြင်းမန္တလေးငလျင်ကြီးကြောင့် ပျက်စီးဆုံးရှုံးရမှုများနှင့် ပတ်သက်၍ ဂါနာနိုင်ငံက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံသို့ ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာနိုင်ငံတွင်လှုပ်ခတ်ခဲ့သည့် အင်အားပြင်းမန္တလေးငလျင်ကြီးကြောင့် ပျက်စီးဆုံးရှုံးရမှုများနှင့် ပတ်သက်၍ ဂါနာနိုင်ငံက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံသို့ ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့


နေပြည်တော်၊ မေ ၉

မြန်မာနိုင်ငံတွင်လှုပ်ခတ်ခဲ့သည့်အင်အားပြင်း မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီး မှုများ၊ အသက်ဆုံးရှုံးမှုများနှင့် ထိခိုက်ဒဏ်ရာရရှိမှုများ အမြောက်အများဖြစ်ပေါ်ခဲ့ခြင်းအတွက် ဂါနာနိုင်ငံ သမ္မတ H.E. Mr. John Dramani Mahama က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံသို့ ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့သည်။

အဆိုပါ သဝဏ်လွှာတွင် ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက် (သောကြာနေ့) တွင် မြန်မာနိုင်ငံ၌ အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့မှုကြောင့် အထူးဝမ်းနည်းကြေကွဲပါကြောင်းကို အဆွေတော်နှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံပြည်သူများအား ဂါနာသမ္မတနိုင်ငံအစိုးရနှင့် ပြည်သူများကိုယ်စား မိမိအနေဖြင့် ပြောကြားအပ်ပါကြောင်း၊ ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် အသက်အိုးအိမ်စည်းစိမ်ဆုံးရှုံးခဲ့ခြင်း၊ ထိခိုက်ဒဏ်ရာရရှိမှုများ ဖြစ်ပေါ်ခဲ့ခြင်းနှင့် ပျက်စီးဆုံးရှုံးမှု ကြီးမားစွာ ရှိခဲ့သည့်အတွက် အလွန်စိတ်မကောင်းဖြစ်ရပါကြောင်း၊ ကျန်ရစ်သူမိသားစုများ၊ ထိခိုက်ဒဏ်ရာရသူများအတွက် ဆုတောင်းမေတ္တာပို့သလျက်ရှိပါကြောင်း၊ ဤသို့ ခက်ခဲလှသည့် အချိန်တွင် ဂါနာနိုင်ငံအစိုးရအနေဖြင့် မြန်မာနိုင်ငံအစိုးရ၊ ပြည်သူများနှင့်အတူ တစ်သားတည်း ရှိနေပါကြောင်း၊ မြန်မာနိုင်ငံပြည်သူများ ကျန်းမာ၍သာယာဝပြောပါစေကြောင်း လှိုက်လှဲစွာ ဆုမွန်ကောင်းတောင်းလျက် အဆွေတော်အား အစဉ်ချစ်ကြည်အလေးထား လျက်ရှိပါကြောင်း တို့ ဖော်ပြပါရှိကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)