အမေရိကန်က ဆန်တွေမှာ အဆိပ်သင့်သတ္တုတွေ တွေ့တယ်လို့ ဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမေရိကန်က ဆန်တွေမှာ အဆိပ်သင့်သတ္တုတွေ တွေ့တယ်လို့ ဆို


မေ - ၁၇ ( တနင်္ဂနွေနေ့) 

အမေရိကန် စတိုးဆိုင်များတွင် ရောင်းချသည့် ဆန်များတွင် အာဆင်းနစ်၊ ကက်မီယမ်၊ ခဲနှင့် ပြဒါးဓာတ်များ အပါအဝင် အဆိပ်သင့် လေးလံသော သတ္တုများ ပါဝင်သည်ဟု အစီရင်ခံစာသစ်တစ်ရပ်က ဖော်ပြထားပါတယ်။ 

Healthy Babies, Bright Futures မှ ထုတ်ပြန်သော အစီရင်ခံစာတွင် နယူးယောက်စီးတီး၊ လော့စ်အိန်ဂျလိစ် နှင့် မိုင်ယာမီအပါအဝင် မြို့ပြ ဧရိယာ ၂၀ က စတိုးဆိုင်များတွင် နမူနာပြထားတဲ့ ဆန်နမူနာများ၏ ၁၀၀ % တွင် အာဆင်းနစ်ကို တွေ့ရှိခဲ့သည်ဟု CBS သတင်းက ဖော်ပြပါတယ်။ 

ထို့အပြင် ဆန်နမူနာ ၄ ခုတွင် ၁ ခုက မွေးကင်းစကလေးများအတွက် သတ်မှတ်ထားသော ဆန်မှာပါဝင်တဲ့ အာဆင်းနစ် ကန့်သတ်ချက်ထက် ကျော်လွန်သွားကြောင်းဆိုပါတယ်။ အဲ့ဒိပမာဏမှာ သန်း ၁ထောင်ပုံလျှင်  အပုံ ၁၀၀ ပါတဲ့ ပမာဏဖြစ်ပါတယ်။ 

အဲ့ဒိသက်မှတ်ချက်ကို ၂၀၂၁ခုနှစ်က သက်မှတ်ထားတာဖြစ်ပြီး  ကျန်မိသားစုစားသော ထမင်းအတွက် မဟုတ်ဘဲ ကလေးများအတွက်ပြုလုပ်ထားသော ဆန်စပါးနှင့်သာ သက်ဆိုင်ပါတယ်။

"ထမင်းအတွက် ကန့်သတ်ချက် မရှိပါဘူး၊ မိသားစု အစားအစာတွေမှာ ကျွေးတဲ့ ထမင်းအိတ်တွေ နဲ့  ထမင်းဗူးတွေကို မွေးကင်းစ ကလေးငယ်တွေနဲ့ လမ်းလျှောက်တတ်စ အရွယ်တွေ ကို တွင်ကျယ်စွာ ကျွေးနေတာကြောင့်ပါ" လို့ မှတ်ချက်ပြုထားပါတယ်။ 

လေ့လာမှုကို နာမည်ကြီး ဆန်တံဆိပ် ၁၄၅ ခုအား စမ်းသပ်ခဲ့တာပါ။ ပျမ်းမျှအားဖြင့် နမူနာများတွင် စုစုပေါင်း လေးလံသောသတ္တုပမာဏသည် 63 ppb မှ 188 ppb အထိ ရှိပြီး အချို့မှာ 240 ppb အထိ မြင့်မားနေတယ်လို့ CBS သတင်းက ဆိုပါတယ်။ 


REF: UPI

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)