ကြံခင်း၊ မေ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့ရှိ အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်းနှင့် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတို့တွင် လုပ်သက်(၁၀)နှစ်အောက် ဆရာ၊ ဆရာမများအား ဘာာသာရပ်စွမ်းရည်မြှင့်သင်တန်းကို ယနေ့ နံနက် ၉ နာရီက စတင်၍ သင်ကြားပို့ချ ပေးလျက်ရှိသည်။
အဆိုပါ စွမ်းရည်မြှင့်သင်တန်းတွင် ကြံခင်းမြို့နယ်အတွင်းရှိ လုပ်သက်(၁၀)နှစ်အောက် မူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် ဆရာ၊ ဆရာမများ တက်ရောက် သင်ကြားလျက်ရှိပြီး ထိုသို့သင်ကြားနေမှုကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်၊ ခရိုင်ပညာရေးမှူး ဦးမြင့်အောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းလှိုင်နှင့် မြို့နယ်ပညာရေးမှူး ဒေါ်ဌေးဌေးတို့က လှည့်လည်၍ ရင်းရင်းနှီးနှီးနှုတ်ကာ ဘာသာရပ်ဆွေးနွေးနေမှုများကို ကြည့်ရှုအားပေးကြသည်။
ယင်းစွမ်းရည်မြှင့်သင်တန်းကို မေလ ၁၈ ရက်နေ့မှမေလ ၂၀ ရက်နေ့အထိ ပို့ချပေးသွားမည် မည်ဖြစ်ပြီး အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ မူလတန်းအဆင့် ဆရာ၊ ဆရာမ ၂၇၅ ဦး နည်းပြ ၂၀ ဦးဖြင့် လည်းကောင်း၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ အလယ်တန်းဆင့် ဆရာ၊ ဆရာမ ၅၆ ဦး၊ နည်းပြ ၆ ဦး စုစုပေါင်း ဆရာ၊ ဆရာမ ၃၃၁ ဦး တက်ရောက်သင်ကြားလျက်ရှိ ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ဖြိုးဝေလင်း
https://t.me/MyanmarNationalPost



No comments:
Post a Comment