ယင်းမာပင် ၊ မေ ၂၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့တွင် ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို မေလ ၂၇ ရက် နံနက် ၈ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ ၌ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးဆန်းမော်နှင့်အဖွဲ့၀င်များ၊ခရိုင်/မြို့နယ်ပညာရေးမှူး နှင့် အခြေခံပညာဦးစီးဌာနမှ ဆရာ/ဆရာမများ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက နိုင်ငံတော်အစီအစဉ်ဖြင့် အခမဲ့ပညာရေးစနစ်ဖြင့် သင်ကြားပေး သွားမည့်အစီအစဉ်များကိုရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး ပညာရေးဝန်ကြီးဌာမှ အခမဲ့ဖြန့်ချိသည့် ကျောင်းသုံးပုံနှိပ်စာအုပ်၊ ဗလာစာအုပ်နှင့် ကျောင်း၀တ်စုံများကို ခရိုင်/မြို့နယ် တာဝန်ရှိသူများက ကျောင်းသား/သူများအားအသီးသီး ပေးအပ် ခဲ့ကြသည်။
ယင်းမာပင်မြို့တွင် ၂၀၂၅ -၂၀၂၆ ပညာသင်နှစ်အတွက် မေလ ၂၂ ရက်နေ့မှ စတင်ကာ ကျောင်းအပ်နှံရေးလုပ်ငန်းများကို လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment