မြောင်းမြမြို့တွင် (၇၉)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောင်းမြမြို့တွင် (၇၉)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်

 



မြောင်းမြ  ၊ မေ ၄


 ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် မေလ(၅)ရက်နေ့၌ ကျရောက်မည့် (၇၉)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များတွင် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများအား အရှိန်တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ဧရာဝတီတိုင်းဒေသကြီးမီးသတ်ဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင်မီးသတ်ဦးစီးမှူး၏ စီမံကြီးကြပ်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးဆောင်သော သန္ဓေ/အရန်မီးသတ် တပ်ဖွဲ့ဝင်များမှ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်း၍ ရပ်ကွက်များအတွင်း တစ်အိမ်တက်ဆင်း မီးသုံးစွဲမှုစစ်ဆေးခြင်း၊ မီးဘေးလုံခြုံရေးပညာပေးစာဆောင်များ ဖြန့်ဝေခြင်း၊ အသိပညာပေးဟောပြောခြင်းစသည့်လုပ်ငန်းများကို အရှိန်အဟုန်မြှင့်၍ စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


မြောင်းမြမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့်ပြည်သူများ မီးပေါ့ဆမှုမရှိစေရေးနှင့် မီးလောင်ဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးအတွက် မီးသုံးစွဲရာတွင် သတိပြုရမည့် ဆောင်ရန်၊ ရှောင်ရန်အချက်များကိုလည်း မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင်အသံချဲ့စက်ဖြင့်လှည့်လည်၍ အပတ်စဉ်လှုံ့ဆော်သတိပေးမှုများ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။


ဇေယျာ(မြောင်းမြ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)