စစ်ကိုင်းမြို့၊ နန်းဦးမြို့သစ်ရှိ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော မဟာစေတီလှ စေတီတော်ကြီး အသစ်တည်ဆောက်ခြင်း ပန္နက်တင်မင်္ဂလာနှင့် အုတ်မြစ်ချမင်္ဂလာ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းမြို့၊ နန်းဦးမြို့သစ်ရှိ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော မဟာစေတီလှ စေတီတော်ကြီး အသစ်တည်ဆောက်ခြင်း ပန္နက်တင်မင်္ဂလာနှင့် အုတ်မြစ်ချမင်္ဂလာ အခမ်းအနားကျင်းပ




နေပြည်တော်၊ မေ ၃၁

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ နန်းဦးမြို့သစ်အတွင်း ငလျင်ဒဏ်ကြောင့် ပြိုကျ ပျက်စီးခဲ့သော မဟာစေတီလှ စေတီတော်ကြီးအသစ်တည်ဆောက်ခြင်း ပန္နက်တင်ခြင်း မင်္ဂလာနှင့် အုတ်မြစ်ချခြင်းမင်္ဂလာ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြုလုပ်ရာ အခမ်း အနားသို့ နိုင်ငံတော် ဩဝါဒါစရိယ၊ ရွှေကျင်နိကာယဥက္ကဋ္ဌ သောဠသမ ရွှေကျင်သာသနာပိုင် သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်များနှင့် သီတဂူဆေးရုံတော်များ၏ အဓိပတိ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိက မဟာဓမ္မကထိက ဗဟုဇနဟိတဓရ သီတဂူဆရာတော်ကြီး ဒေါက်တာဘဒ္ဒန္တဉာဏိဿရ အမှူးပြုသော သံဃာတော်များ၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ကာကွယ်ရေးဦးစီး ချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဂေါပကအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော် များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တက်ရောက်လာကြသူများက သီတဂူဆရာတော် ဘုရားကြီးထံမှ ငါးပါးသီလခံယူ ဆောက် တည်ကြသည်။ ထို့နောက် သံဃာတော်များက အန္တရာယ်ကင်းပရိတ် တရားတော်များ ရွတ်ဖတ်ကြပြီး မဟာစေတီလှစေတီတော်ကြီး အသစ်တည်ဆောက်ခြင်း ပန္နက်တင်ခြင်း မင်္ဂလာနှင့် အုတ်မြစ်ချခြင်းမင်္ဂလာတို့ကို ပြုလုပ်ကြသည်။ ယင်းနောက် သီတဂူ ဆရာတော် ဘုရားကြီးအမှူးပြုသော သံဃာတော် များအား တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယ ဗိုလ်ချုပ်ကြီး သက်ပုံတို့က လှူဖွယ် ပစ္စည်းများနှင့် နဝကမ္မအလှူငွေ ဆက်ကပ်လှူဒါန်း ကြသည်။

ဆက်လက်ပြီး သီတဂူဆရာတော် ဘုရားကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဒုတိယ ဗိုလ်ချုပ်ကြီး သက်ပုံတို့က မဟာစေတီလှစေတီတော်ကြီး အသစ်တည်ဆောက် နေမှုအား လိုက်လံကြည့်ရှုခဲ့ကြကြောင်းသတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)