၂၀၂၅ ခုနှစ် ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၅ ခုနှစ် ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ


ရန်ကုန်၊ မေ   ၉

၂၀၂၅ ခုနှစ် ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့က  ရန်ကုန်မြို့ရှိ  Wyndham Grand Yangon Hotel ၌ ကျင်းပသည်။ ဦးစွာ မန္တလေးငလျင်ကြီးဘေးဒဏ်သင့် ပြည်သူများအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် ၁ မိနစ် ငြိမ်သက်ကြသည်။

ထို့နောက် ဒုတိယဝန်ကြီးက ဂုဏ်ပြုအမှာစကားပြောကြားပြီး မြန်မာနိုင်ငံကြက် ခြေနီအသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာမျိုးညွန့်က နှုတ်ခွန်းဆက်စကားပြောကြားကာ ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ် မှတ်တမ်းဗီဒီယိုကိုပြသသည်။

အခမ်းအနားအပြီးတွင် ဒုတိယဝန်ကြီးနှင့် ဧည့်သည်တော်များသည် ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ်အဖြစ် ခင်းကျင်းပြသထားသည့် ပြခန်းများကို  လှည့်လည်ကြည်ရှုအားပေးကြသည်။

ယင်းနောက် ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပရာ အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများဖက်ဒရေးရှင်းမှ ဌာနေကိုယ်စား လှယ် Ms. Nadia Khoury နှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီမှ ဌာနေကိုယ် စားလှယ် Mr. Arnaud de BAECQUEတို့က ဂုဏ်ပြုစကား ပြောကြားကြသည်။

ဆက်လက်၍ မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက အသက်၆၅ နှစ်ပြည့် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ လုပ်သက် ၁၅ နှစ်ပြည့်နှင့် လုပ်သက် ၃၀ ပြည့် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ အကြိမ်(၁၀၀)နှင့်အထက် သွေးလှူရှင်များနှင့် လူမှုထူးချွန်ဆုရရှိသူများကို ဂုဏ်ပြုဆုနှင့် ဂုဏ်ထူးဆောင်တံဆိပ်များ ပေးအပ်ချီးမြှင့်ခဲ့ ကြသည်။

အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး  ပါမောက္ခဒေါက်တာအေးထွန်း၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာမျိုးညွန့်နှင့်  အလုပ်အမှုဆောင်များ၊ ရန်ကုန်မြို့ရှိ  နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများနှင့် သံရုံးမှတာဝန်ရှိသူများ၊အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့်မိတ်ဖက်အမျိုးသား ကြက်ခြေနီအသင်းများမှ ကိုယ်စားလှယ်များ၊  အလှူရှင်များနှင့်ဖိတ်ကြားထားသူများ တက်ရောက်ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)