နေပြည်တော်၊ မေ ၇
မန္တလေးငလျင်ကြီးကြောင့် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ပင်မစေတီတော်၊ ရင်ပြင်တော်၊ ပစ္စယာနှင့် ပရိဝုဏ်ထိခိုက်ပျက်စီးခဲ့မှုများ ပြုပြင်မွမ်းမံရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဥပ္ပါတသန္တိစေတီတော်ပြုပြင်မွမ်းမံရေးနည်းပညာအထောက်အကူပြုဆပ်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးဂေါပကအဖွဲ့ရုံး၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ဥပ္ပါတသန္တိစေတီတော်ပြုပြင်မွမ်းမံရေး နည်းပညာအထောက်အကူပြု ဆပ်ကော်မတီ၏ အကြံပြုချက်မရမီ လိုအပ်သောဘိလပ်မြေ၊ အုတ်၊ သဲ၊ ကျောက်များကို ကြိုတင်ဝယ်ယူစုဆောင်းထားရန် အချိန်နှင့်တစ်ပြေးညီ ပြင်ဆင်ဆောင်ရွက်နိုင်ရန်၊ ဘိလပ်မြေအိတ် ၁ သိန်း၊ အုတ် ၁ သိန်း၊ သဲကျင်း ၅၀၀၊ ကျောက်ကျင်း ၁၀၀၀ စသည်ဖြင့် ဝယ်ယူစုဆောင်းထားရန် လိုအပ်ကြောင်း၊ ပြီးခဲ့သည့်အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြောင်း၊ ဘိလပ်မြေအိတ် ၁ သိန်း စုဆောင်းထားနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ ရေတိုဆောင်ရွက်မှုအနေဖြင့် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ရင်ပြင်တော်တွင် ကျောက်ပြားများ ၆၇၅၀၀ ခန့် ခွာယူခဲ့ပြီး ၂ ပေပတ်လည် ကျောက်ပြားအကောင်း ၂၂၆၀၀ ခန့် ရရှိကြောင်း၊ ၈၅ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးကြောင်း သိရှိရကြောင်း၊ အက်ကွဲသွားသည့် ၂ ပေပတ်လည် ကျောက်ပြားများကို ၁ ပေ ပတ်လည်ကျောက်ပြားများဖြင့် ပြန်လည်ဆယ်တင်အသုံးပြုနိုင်ရေး ပြုပြင်မွမ်းမံရေးလုပ်ငန်းကော်မတီက ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အက်ကွဲကြောင်းများအတွင်းသို့ မိုးရေဝင်ရောက်မှု မရှိစေရန် မိုးကာစများဖြင့် ဖုံးအုပ်ခြင်းလုပ်ငန်းကို ဧပြီလ ၂၈ ရက်တွင် ဆောင်ရွက်ပြီးဖြစ်ကြောင်း။
ရင်ပြင်တော်ပေါ်သို့တက်သည့် ဓာတ်လှေကား နှစ်စင်းသည် သက်တမ်းလွန်ဟောင်းနွမ်းနေပြီဖြစ်၍ အသုံးပြုခြင်းမပြုတော့သဖြင့် သစ်ဝယ်ယူခြင်း သို့မဟုတ် ပြုပြင်တပ်ဆင်ဆောင်ရွက်သွားမည်ဖြစ်ပြီး ဓာတ်လှေကားများမှ ရင်ပြင်တော်ပေါ်သို့ သွားသည့်လျှောက်လမ်းများ နိမ့်ကျနေမှုကို Structure အင်ဂျင်နီယာများဖြင့် ပြန်လည်ပြုပြင်ထိန်းသိမ်းရေး ဆောင်ရွက်လျက်ရှိသည်ဟုသိရှိရကြောင်း၊ စေတီတော်လိုဏ်အတွင်း မိုးရေများ စိမ့်ကျနေမှုနှင့်ပတ်သက်၍ စစ်ဆေးတွေ့ရှိချက်အရ စေတီတော်လိုဏ်အတွင်းရှိ ကွန်ကရစ်တိုင်များ ပျက်စီးခြင်းမရှိဘဲ မိုးရေယိုစိမ့်မှုကိုတားဆီးနိုင်ရန် နည်းပညာပိုင်းဆိုင်ရာ စစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်သဖြင့် နည်းပညာဆိုင်ရာအထောက်အကူပြုကိစ္စရပ်များကို ယနေ့အစည်းအဝေးတွင် ဆွေးနွေးတင်ပြပေးကြစေလိုကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ဥပ္ပါတသန္တိစေတီတော် ပြုပြင်မွမ်းမံရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ နေပြည်တော်စည်ပင် သာယာရေးကော်မတီဝင်(၁) ဦးထွန်းထွန်းတို့က ငလျင်ဒဏ်ကြောင့် ဖြစ်ပေါ်ခဲ့သည့် ဥပ္ပါတသန္တိစေတီ တော်မြတ်ကြီး ပင်မစေတီတော်၊ ရင်ပြင်တော်၊ ပစ္စယာနှင့် ပရိဝုဏ်များ ထိခိုက်ပျက်စီးမှုအခြေအနေ၊ ပြုပြင်မွမ်းမံရေးလုပ်ငန်းများ ဆောင်ရွက်မည့် အခြေအနေများကိုရှင်းလင်းဆွေးနွေးကြသည်။
ထို့နောက် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးပြုပြင်မွမ်းမံရေးနည်းပညာ အထောက်အကူပြုဆပ်ကော်မတီ အဖွဲ့ဝင် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီဥက္ကဋ္ဌ ဒေါက်တာအောင်ကျော်မြတ်က နည်းပညာဆိုင်ရာ ပြုပြင်မွမ်းမံရေးလုပ်ငန်းများနှင့်ပတ်သက်၍လည်းကောင်း၊ မြန်မာနိုင်ငံအထပ်မြင့်ကော်မတီ Geotechnical Engineer ဒေါက်တာယုမောင်က ရင်ပြင်တော်ကြံ့ခိုင်ရေး၊ ရင်ပြင်တော်အားနည်းသည့်နေရာများတွင် Grouting ပြုလုပ်မည့်အခြေအနေ၊ Soil Reinforcement ပြုလုပ်မည့်အခြေ အနေများကိုလည်းကောင်း၊ ဗိသုကာပညာရှင် ဒေါက်တာတိုးတိုးဝင်းက ဥပ္ပါတသန္တိစေတော် ကြီး၏ Structure Design ကို လည်းကောင်း Power point များဖြင့် အသီးသီးအသေးစိတ်ဆွေးနွေးတင်ပြကြသည်။
အစည်းအဝေးသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ပြုပြင်မွမ်းမံရေး နည်းပညာအထောက်အကူပြုဆပ်ကော်မတီဥက္ကဋ္ဌ ဦးခင်မောင်လတ်၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ ဥပ္ပါတသန္တိစေတီတော် ပြုပြင်မွမ်းမံရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ နေပြည်တော်စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင်(၁)ဦးထွန်းထွန်း၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်ဦး၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးဂေါပကအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်းသိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment