ရန်ကုန်၊ မေ ၁၂
ရန်ကုန်တိုင်း ဒေသကြီး ၊ မရမ်းကုန်းခရိုင် ၊ မြောက်ဥက္ကလာပမြို့နယ်၌ အများပြည်သူများသို့ ဈေး နှုန်းချိုသာစွာဖြင့် ရောင်းချ ပေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်း သတ်မှတ် စုရပ် နေရာများတွင် ရောင်းချ ပေးခဲ့ကြသည်။
ထို့သို့ ရောင်းချ ပေးရာတွင် ကြက်ဥ တစ်လုံး ၃၆၅ ကျပ် နှုန်းဖြင့် ကြက်ဉ အလုံးရေ ၂၁၀၀၀ လုံးအား မြို့နယ်အတွင်းရှိ (ဆ)ရပ်ကွက်၊မေဓာဝီလမ်း၊(ဆ)ရပ်ကွက်၊သုနန္ဒာလမ်း၊(ရွှေပေါက်ကံ/ ၁၂)ရပ်ကွက်၊အောင်ရာဇာ လမ်း၊ (ရွှေပေါက်ကံ/၁၄ )ရပ်ကွက်၊ရာဇဓိရာဇ် လမ်းရပ်ကွက်များအလိုက် တာဝန်ရှိသူများက စနစ်တကျ ဖြန့်ဝေ ရောင်းချ ပေးရာ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ ကြီးကြပ်၍ ရပ်ကွက်အုပ်ချုပ် ရေးမှူးများ ၊စည်ပင်သာယာရေးဝန်ထမ်းများက လိုအပ်သည်များကို ဝိုင်းဝန်းကူညီ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
သက်လွင်စိုး
https://t.me/MyanmarNationalPost


No comments:
Post a Comment