မေ - ၁၈ ( တနင်္ဂနွေနေ့ )
ယူထိုင်းသာနီပြည်နယ်၊ လန်ဆက်ခရိုင်က လမ်းဘေးတစ်နေရာက မြောင်းထဲမှာ အမျိုးသားတစ်ဦး ဒီကနေ့ သေဆုံးနေလို့ ရဲတပ်ဖွဲ့ နဲ့ တာဝန်ရှိသူများလာရောက် စုံစမ်းစစ်ဆေးမှုပြုခဲ့ကြပါတယ်။ အဆိုပါ အမျိုးသားက ဖားရှာတဲ့ သူဖြစ်ပြီး ဖားရှာအပြန်မှာ တောဆင်ရိုင်းများရဲ့ တိုက်ခိုက်မှုကို ခံလိုက်ရတာလို့ ရဲတပ်ဖွဲ့ကဆိုပါတယ်။
အဲ့ဒိကံဆိုးတဲ့ ဖြစ်ရပ်က မောင်းခရိုင်အတွင်းရှိ ဟွာခခေအွန် သို့ ဦးတည်သွားသော ကားလမ်းမှ မီတာ ၃၀ အကွာတွင်ရှိသော သွန်းဖိက် လမ်းဆုံအနီးတွင် နံနက် ၇ နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။ သေဆုံးသူ၏ ရုပ်အလောင်းအား ရေမြောင်းဝတွင် မှောက်ခုံ လဲနေပြီး အနီးနားတွင် ဖားဖမ်းပိုက်ကွန်တစ်ခုနှင့် ချွန်ထက်သောဓားတစ်ချောင်းတို့ကို တွေ့ရှိခဲ့ပါတယ်။ ၎င်းအပြင် အခင်းဖြစ်ပွားရာ နေရာတစ်ဝိုက်မှာ ဆင်ခြေရာများစွာကို တွေ့ရှိခဲ့ရပြီး ဆင်တွေက ဖားရှာပြီးပြန်လာတဲ့ အဲ့ဒိအမျိုးသားကို တိုက်ခိုက်ခဲ့တယ်လို့ ရဲတွေက ကောက်ချက်ချခဲ့ပါတယ်။
လမ်းဘေးချောက်ထဲကို အဲ့ဒိအမျိုးသားနဲ့ သူစီးလာတဲ့ ဆိုင်ကယ် ထိုးကျသွားတာကိုလည်း အခင်းဖြစ်ပွားတဲ့နေရာမှာ တွေ့ရပါတယ်။ ရွာလူကြီးတွေကတော့ သေဆုံးသူရဲ့ ဇနီးဆီက ဖားတစ်ကောင်ကို ဘတ် ၅၀၀ နဲ့ ဝယ်ပြီး ပြန်လွှတ်ပေးလိုက်ပါတယ်။ မြို့နယ်ရုံးကလည်း နာရေးအတွက် အကူငွေ ဘတ် ၂သောင်း ပေးလှူခဲ့ပါတယ်။
https://t.me/MyanmarNationalPost
No comments:
Post a Comment