ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေး ဟိုပုံးမြို့၌ ကဆုန်လပြည့်နေ့ ဗုဒ္ဓနေ့ အခမ်းအနားနှင့် ညောင်ရေသွန်းလောင်းလှူပူဇော်ပွဲသို့တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေး ဟိုပုံးမြို့၌ ကဆုန်လပြည့်နေ့ ဗုဒ္ဓနေ့ အခမ်းအနားနှင့် ညောင်ရေသွန်းလောင်းလှူပူဇော်ပွဲသို့တက်ရောက်





ဟိုပုံး၊ မေ ၁၁

ယနေ့သည် ဖွား၊ ပွင့်၊ ဟော၊ စံ ဗျာဒိတ်ခံသည့် ကဆုန်လပြည့်ဗုဒ္ဓနေ့ဖြစ်ပြီး ဗုဒ္ဓဘာသာဝင်များ၏ နေ့ထူးနေ့မြတ်ဖြစ်သည့်အားလျော်စွာ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၊ သီရိမင်္ဂလာ‌ရွှေချမ်းသာမွေတော်ဘုရားကြီးနှင့် ဘုရား၊ စေတီ၊ ပုထိုးများ၌ ဥပုသ်သီတင်း ဆောက်တည်ကြသူများ၊ ကုသိုလ်ဒါနကောင်းမူပြုကြသူများ၊ ညောင်ရေသွန်းလောင်းကြသူများဖြင့် စည်ကားများပြားလျက်ရှိသည်။

ဦးစွာ ကဆုန်လပြည့်နေ့ ဗုဒ္ဓနေ့အခမ်းအနားကို ကျင်းပရာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့်  အဖွဲ့ဝင်များ၊ ဟိုပုံးတပ်နယ်မှူး ဗိုလ်မှူးချုပ် သန့်ထင်စိုး၊  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် အဖွဲ့ဝင်များ၊ ဒေသ/မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊‌ ဆရာ/ဆရာမများ၊ ဓမ္မစကြာအဖွဲ့၊ ဒေသခံပြည်သူများက နမောတဿ(၃)ကြိမ်ရွတ်ဆို၍ အခမ်းအနား  ဖွင့်လှစ်ပြီး သံဃာတော်အရှင်သူမြတ်များထံမှ ငါးပါးသီလနှင့် ပရိတ်တရားတော်များခံယူ ဆောက်တည် ကြသည်။ ထို့နောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် ဟိုပုံးတပ်နယ် မှူးဗိုလ်မှူးချုပ်တို့က သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုနှင့် အလှူတော်ငွေများ ဆက်ကပ်လှူဒါန်းပြီးနောက် ဗုဒ္ဓသာသနံစိရံတိဋ္ဌ(၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားရုတ်သိမ်းသည်။

ယင်းနောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့်  အဖွဲ့ဝင်များ၊ ဟိုပုံးတပ်နယ်မှူး ဗိုလ်မှူးချုပ် သန့်ထင်စိုး၊  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် အဖွဲ့ဝင်များ၊ ဒေသ/မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊‌ ဆရာ/ဆရာမများ၊ ဓမ္မစကြာအဖွဲ့၊ ဒေသခံပြည်သူများက သီရိမင်္ဂလာရွှေချမ်းသာမွေတော်ဘုရားကြီးကို လက်ယာရစ်လည့်ပတ်ကာ ဗောဓိညောင်ပင်နှင့် ဗုဒ္ဓရုပ်ပွားတော်အား ကဆုန်ညောင်ရေသွန်းလောင်းလှူပူဇော်ခဲ့ကြောင်းနှင့် အလှူရှင်များက စတုဒိသာများဖြင့် ကျွေးမွေးလှူဒါန်းခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)