မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ကကြီးမှူး၍ အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ အခမ်းအနား ကျင်းပ‌ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ကကြီးမှူး၍ အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ အခမ်းအနား ကျင်းပ‌




အောင်မြေသာစံ ၊ မေ ၂


အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့အခမ်းအနားကို မေလတစ်ရက်နေ့ နံနက် ၇ နာရီက မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်ရှိ ဗထူးအားကစားကွင်း မိုးလုံလေလုံခန်းမတွင် ကျင်းပပြုလုပ်သည်။


အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်သင်းဝေနှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြား​ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးတင်ကိုကို၊ အလုပ်သမားဝန်ကြီးဌာန လက်အောက်ရှိ ဌာနအသီးသီးမှ တာဝန်ရှိသူများ၊ တိုင်း/ ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ၊ မန္တလေးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၊ မန္တလေးစက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီစသည့် စီးပွားရေးဆိုင်ရာအသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ မြို့နယ်အသီးသီးမှ မြို့နယ်ညှိနှိုင်းဖြန်ဖြေရေးအဖွဲ့များမှ အလုပ်ရှင်၊ အလုပ်သမားကိုယ်စားလှယ်များ၊ စုစုပေါင်း ၁၈၀ ဦးခန့် တက်ရောက်ကြသည်။


အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်ထံမှ ပေးပို့သည့် အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ သဝဏ်လွှာအား မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်က ဖတ်ကြားပြီး တိုင်းဒေသကြီးအလုပ်သမားကိုယ်စားလှယ် ဦးသောင်းခိုင် (ပြည်ကြီးတံခွန်မြို့နယ်ညှိနှိုင်းဖြန်ဖြေရေးအဖွဲ့) က အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့နှင့်ပက်သက်သည်များအား ရှင်းလင်းပြောကြားသည်။


အခမ်းအနား ပြီးမြောက်ကာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြကြောင်း သိရသည်။


မြင့်မော်ထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)