ငလျင်ဒဏ်ကြောင့် ပြိုကျခဲ့သည့် ဆွမ်းဦးပုညရှင်စေတီတော် ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများကို ဧရာဝတီဖောင်ဒေးရှင်းက တာဝန်ယူဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငလျင်ဒဏ်ကြောင့် ပြိုကျခဲ့သည့် ဆွမ်းဦးပုညရှင်စေတီတော် ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများကို ဧရာဝတီဖောင်ဒေးရှင်းက တာဝန်ယူဆောင်ရွက်





စစ်ကိုင်း၊ မေ ၂

ငလျင်ဘေးဒဏ်သင့် ဒေသများတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ပါဝင်ဆောင်ရွက်လျက်ရှိသည့် ဧရာဝတီဖောင်ဒေးရှင်းသည် ငလျင်ဒဏ်ကြောင့် ပြိုကျခဲ့သည့် စစ်ကိုင်းမြို့ရှိ ဆွမ်းဦးပုညရှင် စေတီတော်မြတ်အား ပြန်လည် ပြုပြင်ခြင်းလုပ်ငန်းများကို တာဝန် ယူဆောင်ရွက်ပေးလျက်ရှိသည်။ 

ဧရာဝတီ ဖောင်ဒေးရှင်းသည် ငလျင်ဒဏ်ကြောင့် ပြိုကျခဲ့သည့် ဆွမ်းဦးပုညရှင် စေတီတော်၏ အပျက်အစီးများ ရှင်းလင်းခြင်း၊ စေတီတော် ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းများကို စက်ယန္တရား ကရိန်းများဖြင့် စတင်တာဝန်ယူ ဆောင်ရွက်လျက် ရှိသည်။ ဧရာဝတီ ဖောင်ဒေးရှင်းသည် မတ်၂၈ ရက်က ဖြစ်ပေါ်ခဲ့သည့် မန္တလေးငလျင်ကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် ဒေသများသို့ သွားရောက်ကာ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး၊ ပြန်လည်ပြုပြင်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် စက်ယန္တရားများနှင့် လူနာတင်ယာဉ်များ အတွက် စက်သုံးဆီအခမဲ့ လှူဒါန်းခြင်း၊ စက်ယန္တရားများအတွက် နေရာသို့တိုက်ရိုက် စက်သုံးဆီများ ဖြည့်တင်းပေးခြင်း၊ ပျက်စီးသွားသော လမ်းများပြုပြင်ပေးခြင်း၊ ငလျင်ဒဏ် ခံစားခဲ့ရသူများ အတွက် ထောက်ပံ့ကူညီပေးခြင်း၊ တစ်ကိုယ်ရေ အသုံးအဆောင် ပစ္စည်းများနှင့် အစားအသောက်၊ သောက်သုံးရေများ လှူဒါန်းခြင်း၊ ထိခိုက်ဒဏ်ရာ ရရှိခဲ့သူများအား ဆေးကုသမှုခံယူနိုင်ရန် မန္တလေး နှင့် စစ်ကိုင်းမြို့တွင် စုစုပေါင်းခုတင် ၄၃၀ ဆံ့ ယာယီဆေးရုံများ အလျင်အမြန် တည်ဆောက်ပေး ခြင်းများ ပြုလုပ်ပေးခဲ့သလို လက်ရှိအချိန်တွင် ငလျင်ကြောင့် ပျက်စီးခဲ့သည့် နေရာဒေသများအား ရှင်းလင်းခြင်း၊ ပြန်လည်တည်ထောင်ရေးတို့ အတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ကူညီဆောင်ရွက် လျက်ရှိကြောင်း သိရသည်။ 


ရှိုင်းထက်ဇော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)