ကြံခင်းမြို့ အခေါင်စံရာမြသီတာစေတီတော်နှင့် ရပ်ကွက်၊ ကျေးရွာများရှိ အခြေခံပညာကျောင်း များတွင် ဌာနဆိုင်ရာများနှင့် ရပ်ကွက်နေပြည်သူများ စုပေါင်း၍ သန့်ရှင်းရေးဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကြံခင်းမြို့ အခေါင်စံရာမြသီတာစေတီတော်နှင့် ရပ်ကွက်၊ ကျေးရွာများရှိ အခြေခံပညာကျောင်း များတွင် ဌာနဆိုင်ရာများနှင့် ရပ်ကွက်နေပြည်သူများ စုပေါင်း၍ သန့်ရှင်းရေးဆောင်ရွက်






ကြံခင်း၊ မေ ၁၀

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှု၊ ကြံခင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ကြီးကြပ်မှုဖြင့် ကြံခင်းမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများ၊ ဘုရားစေတီပုထိုးများ၊ အခြေခံပညာ ကျောင်းများ၊ မြို့အင်္ဂါရပ်နှင့်အညီသန့်ရှင်းသာယာလှပစေရေး ဌာနဆိုင်ရာများနှင့် ရပ်ကွက်နေ ပြည်သူများ စုပေါင်း၍ ယနေ့ နံနက် ၇ နာရီမှစ၍ ရွာသစ်ရပ်ကွက်ရှိ အခေါင်စံရာမြသီတာ စေတီတော် ပရဝဏ် အတွင်း/အပြင်နှင့် ကျေးရွာများရှိ အခြေခံပညာကျောင်းများ၌  စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ကြသည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ တပ်ရင်းတပ်ဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်နေပြည်သူများက စေတီတော်ပရဝဏ်အတွင်း/အပြင်ရှိ အမှိုက်များရှင်းလင်းခြင်း၊ ပေါင်းမြက်များနှုတ်ခြင်း၊ မြက်ရိတ်စက်ဖြင့် မြက်ဖြတ်ခြင်း၊ ခြုံနွယ်ပေါင်းပင်များအား စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ကြသည်။ ထို့သို့စုပေါင်းသန့်ရှင်းဆောင်ရွက် နေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းလှိုင်နှင့် အဖွဲ့ဝင် များက  လှည့်လည်ကြည့်ရှုအားပေးကြကာ လိုအပ်ချက်များအား ပေါင်းစပ်ပေးခဲ့သည်။ ဆက်လက်၍ အမှိုက်များအား မြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် အမှိုက်သိမ်းယာဉ်ဖြင့် သယ်ယူပြီး သတ်မှတ် နေရာများတွင် စနစ်တကျ စွန့်ပစ်ဆောင်ရွက်ကြသည်။

အလားတူ ဘက်ရဲမြို့နှင့် ရပ်ကွက်၊ ကျေးရွာအုပ်စုများတွင် ဘုရား၊ စေတီ၊ အခြေခံပညာကျောင်း များနှင့် ရပ်ကွက်/ကျေးရွာလမ်းများ၊ နေအိမ်အဆောက်အဦ ပတ်ဝန်းကျင်တို့တွင် အမှိုက်ကင်းစင် စေရေးအတွက် စုပေါင်းသန့်ရှင်းရေးကို အပတ်စဉ်စနေ့တိုင်း သက်ဆိုင်ရာတွင် ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း သိရသည်။


ဖြိုးဝေလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)