PDF အကြမ်းဖက်သမားများက အလယ်တန်းပြ ကျောင်းဆရာမတစ်ဦးနှင့် ခင်ပွန်းဖြစ်သူကို ရက်စက်စွာ သတ်ဖြတ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

PDF အကြမ်းဖက်သမားများက အလယ်တန်းပြ ကျောင်းဆရာမတစ်ဦးနှင့် ခင်ပွန်းဖြစ်သူကို ရက်စက်စွာ သတ်ဖြတ်


နေပြည်တော်၊ မေ ၁၀

မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ ကန်နီကျေးရွာတွင် အလယ်တန်းပြ ကျောင်းဆရာမတစ်ဦးနှင့် ခင်ပွန်းဖြစ်သူကို PDF အကြမ်းဖက်သမားများက  မေလ (၇)ရက် မွန်းလွဲ (၂)နာရီ (၄၅)မိနစ်အချိန်က သတ်ဖြတ်လိုက်ကြောင်း သိရသည်။

ကန်နီကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းမှ အလယ်တန်းပြ ကျောင်းဆရာမ ဒေါ်ခင်မိုးသန်း (၆၁)နှစ်နှင့် ၎င်း၏ ခင်ပွန်းဖြစ်သူ ဦးခင်မောင်စိန် (၅၈)နှစ်တို့သည် ၎င်းတို့၏ နေအိမ်တွင် ရှိနေစဉ် PDF အကြမ်းဖက်သမား (၄)ဦးသည် ဆိုင်ကယ် နှစ်စီးဖြင့် ရောက်ရှိလာပြီး ကျောင်းဆရာမနှင့် ၎င်း၏ ခင်ပွန်းကို သေနတ်ဖြင့် ပစ်ခတ်သွားသဖြင့် ဦးခင်မောင်စိန်နှင့် ဒေါ်ခင်မိုးသန်းတို့တွင် ကျည်ထိမှန်ဒဏ်ရာများ ရရှိကာ အခင်းဖြစ်ပွါးသည့် နေရာတွင် သေဆုံးသွားကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)