ပြည်ခိုင်ဖြိုးပါတီမှာ တိုင်းပြည်ကောင်းအောင် ဆောင်ရွက်လိုသူများနှင့် ဖွဲ့စည်းထားသည့် ပါတီဖြစ်ကြောင်း ဒေါက်တာ မောင်သင်း ပြောကြား - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ခိုင်ဖြိုးပါတီမှာ တိုင်းပြည်ကောင်းအောင် ဆောင်ရွက်လိုသူများနှင့် ဖွဲ့စည်းထားသည့် ပါတီဖြစ်ကြောင်း ဒေါက်တာ မောင်သင်း ပြောကြား







ပြင်ဦးလွင်၊ မေ ၁၈

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး(၁၇)၊ အနီးစခန်းကျေးရွာအုပ်စု၊ ရွှေဘိုစုရပ်ကွက်တွင် ယမန်နေ့က ဒေသခံပြည်သူများနှင့်တွေ့ဆုံပွဲ ကျင်းပပြုလုပ်ခဲ့ရာ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာမောင်သင်း၊ ပါတီဗဟိုအလုပ်အမှုဆောင်၊ မန္တလေးတိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ တိုင်းဒေသကြီးပါတီအတွင်းရေးမှုး ဦးညွန့်ဆောင်၊ တိုင်းကော်မတီဝင်များ၊ ပြင်ဦးလွင်ခရိုင်နှင့် မြို့နယ်ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ ကော်မတီဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

တွေ့ဆုံပွဲတွင်  ရပ်ကျေးပါတီကော်မတီဝင်များ၊ ရပ်မိရပ်ဖများ၊ ပါတီဝင်များ၊ ပါတီဝန်းရံသူများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း၊ ဒေါက်တာမောင်သင်းမှ နှုတ်ခွန်းဆက်စကားနှင့် ပြည်ခိုင်ဖြိုးပါတီမှာ တိုင်းပြည်ကောင်းအောင် ဆောင်ရွက်လိုသူများနှင့် ဖွဲ့စည်းထားသည့် ပါတီဖြစ်ကြောင်း၊ တက်ရောက်လာသူများမှလည်း တိုင်းပြည်ကောင်းအောင် ဝိုင်းဝန်းဆောင်ရွက်ပေးကြစေလိုကြောင်း၊ ယခုတက်ရောက် လာသူများမှာ သတ္တိရှိသူများ တနည်းအားဖြင့် တတ်သိပညာရှိသူများဖြစ်ကြောင်း၊ အသိပညာရှိသူများဖြစ်၍ အနာဂတ်နိူင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးစားဆောင်ရွက်ပေးစေလိုကြောင်းဖြင့် ပြောကြားခဲ့သည်။

ဆက်လက်၍ ပါတီဗဟိုအလုပ်အမှုဆောင်၊ မန္တလေးတိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးအောင်ကျော်မိုးက နှုတ်ခွန်းဆက်စကားနှင့် လက်ရှိနိူင်ငံရေး အခြေအနေများ၊ ၂၀၂၀ ရွေးကောက်ပွဲ မဲမသမာမှုဖြစ်စဉ်များ၊ တပ်မတော်မှ နိူင်ငံတော်အာဏာကို ထိန်းသိမ်းခဲ့ရသည့် ဖြစ်စဉ်များ၊ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် ရွေးကောက်ပွဲ ကျင်းပမည့် အခြေအနေများ၊ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် နိူင်ငံရေးပါတီများ၏ အခြေအနေများအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

တွေ့ဆုံပွဲတွင် တက်ရောက်လာသည့် ဒေသခံပြည်သူများမှ မြေယာကိစ္စများ၊ ဒေသဖွံ့ဖြိုးရေးကိစ္စများ တင်ပြဆွေးနွေးခဲ့ကြရာ ဒေသခံများ၏ တင်ပြချက်များအပေါ် ပါတီဗဟိုအလုပ်အမှုဆောင် ဒေါက်တာ မောင်သင်းနှင့် ပါတီဗဟိုအလုပ်အမှုဆောင်၊ တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးအောင်ကျော်မိုးတို့က ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)