မေ - ၂၆ ( တနင်္လာနေ့ )
ထိုင်းဝန်ကြီးချုပ် ပေတောင်တန် ရှင်နာဝတ်ထရာ က ၎င်း၏ ဗြိတိန်နှင့် မိုနာကိုသို့ မကြာသေးမီက သွားရောက် ခဲ့သည့် ခရီးစဉ်များနှင့် ပတ်သက်ပြီး ဝေဖန်မှုများရှိနေခဲ့တာကို တနင်္ဂနွေနေ့ (မေလ ၂၅ ရက်) က ရှင်းလင်းချက် ထုတ်သွားပါတယ်။ အဆိုပါ လည်ပတ်မှုသည် ပြည်သူ့ ငွေကြေးဖြင့် သီးသန့်အားလပ်ရက်များ ဖြစ်ကြောင်း စွပ်စွဲချက်များကို ငြင်းဆိုခဲ့ပါတယ်။
ဘန်ကောက်မြို့၊ ဒွန်မောင်းမြို့နယ်ရှိ ထိုင်းတော်ဝင်လေတပ်အခြေစိုက်စခန်း၏ Wing 6 တွင် ပြောကြားရာတွင် ၎င်းသည် ဝန်ကြီးချုပ်ဟောင်း ယင်လပ်ရှင်နာဝတ်ထရာတို့နှင့်အတူ တွဲရိုက်ထားတဲ့ အွန်လိုင်းပေါ်တွင် တင်ထားသည့် ဓာတ်ပုံတစ်ပုံမှာ ယခုခရီးစဉ်အတွင်း ရိုက်ကူးထားခြင်းမဟုတ်ဘဲ ဓာတ်ပုံဟောင်းဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ဓာတ်ပုံထဲက သူမရဲ့ဆံပင်ပုံစံကို ဆန်းစစ်ပြီး သူမရဲ့ လက်ရှိပုံစံနဲ့ နှိုင်းယှဉ်မေးမြန်းတဲ့အကြောင်းကို လူမှုမီဒီယာ အသုံးပြုသူတွေက မေးမြန်းတဲ့အခါ ပေတောင်တန် က ထင်ကြေးပေးမှုတွေကို ဟာသနဲ့ ပယ်ချခဲ့ပါတယ်။ “ကျွန်မရဲ့ဆံပင်ကို အကြိမ်တိုင်း ဒီလိုပဲခွဲလိုက်တာက ဘာကိုမှ သက်သေမပြနိုင်ဘူးလား။ ကံကောင်းစွာပဲ၊ ကျွန်မ နှာခေါင်းခွဲစိတ်မှု မလုပ်ဖူးဘူး—ဒါဆို လူတွေက တကယ်ပဲ ကောက်ချက်ချကြလိမ့်မယ်။ ကျမ တကယ်ပဲ ကျမသွားခဲ့တဲ့ ခရီးစဉ်အတွင်းမှာ ယင်လက်နဲ့ မတွေ့ခဲ့ပါဘူး” လို့ ပြတ်ပြတ်သားသား ငြင်းဆိုခဲ့ပါတယ်။
ဝန်ကြီးချုပ်ဟောင်း ယင်လတ်ကို အစိုးရဌာနအချင်းချင်း ဆန်ဈေးတင်ရောင်ချမှုဖြင့် ဗဟို တရားရုံးက ဘတ်ငွေ သန်း ၁၀၀၀ လျော်ပေးရန် ပြီးခဲ့တဲ့ အပတ်က အမိန့်ချခဲ့ပါတယ်။ ပေတောင်တန်က ယင်လတ်နဲ့ အဆက်အသွယ် ရှိတာကိုတော့ မငြင်းပါဘူး။
"ကျမ ယင်လတ် နဲ့ ဖုန်းအဆက်အသွယ် ရှိသလို သက်ဆင် နဲ့လည်း အဆက်အသွယ်ရှိပါတယ်။ သက်ဆင်က ထိုင်နိုင်ငံမှာပဲ ရှိပါတယ်။ ရဲ အထွေထွေဆေးရုံမှာ ဆေးကုသခံနေပါတယ်။ ချန်းဆောင်လာ အိမ်ရာမှာ နေထိုင်ပါတယ်။ သူဘယ်မှ မသွားပါဘူး။ ကျမ ယူကေကိုသွားတာက အဲ့မှာ ကျောင်းတက်နေတဲ့ ကျမရဲ့ ကလေးတွေကို သွားကြည့်တာပါ။ လိုင်းပေါ်မှာ ကျမနဲ့ ပတ်သက်ပြီး တင်တဲ့ သတင်းအများစုက အမှားတွေများပါတယ်။ ကျမ အလုပ်ကို ကြိုးကြိုးစားစားလုပ်နေပါတယ်။ ကျမနဲ့ ပတ်သက်လို့ ပြည်သူတွေ စိတ်မသက်မသာဖြစ်တယ် ဆိုရင် တိုက်ရိုက်မေးနိုင်ပါတယ်။ လမ်းဖွင့်ထားပါတယ်။ အခုလိုဖြေရှင်းခွင့်ရတာ ဝမ်းသာပါတယ်" လို့ ပြောသွားပါတယ်။
REF: The Nation
https://t.me/MyanmarNationalPost
No comments:
Post a Comment