ထိုင်းနိုင်ငံ က ဘိန်းထွက်ရာ နယ်စပ်ဒေသ မတည်ငြိမ်မှုတွေကို အနီးကပ်စောင့်ကြည့်နေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ထိုင်းနိုင်ငံ က ဘိန်းထွက်ရာ နယ်စပ်ဒေသ မတည်ငြိမ်မှုတွေကို အနီးကပ်စောင့်ကြည့်နေ



မေ - ၃၀ ( သောကြာနေ့ ) 

ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာသည် ပြီးခဲ့သည့်နှစ် နိုင်ငံရေးမဲဆွယ်ပွဲအတွင်း “သက်ဆင်ပြန်လာပြီ လို့ မူးယစ်ဆေးဝါး ရောင်းဝယ်သူများကို ပြောလိုက်ပါ” ဟု ရဲဝံ့စွာ ကြေငြာခဲ့ပြီးနောက်ပိုင်း အစိုးရသစ်၏ မူးယစ်ဆေးဝါး ထိန်းချုပ်ရေး အစီအစဉ်ကို အမျိုးသားအဆင့် အစီအစဉ်အဖြစ် ကြေညာခဲ့ပါတယ်။  ထိုင်းနိုင်ငံသည် ၎င်း၏ မြောက်ပိုင်းနယ်စပ်တလျှောက် မူးယစ်ဆေးဝါး ထုတ်လုပ်မှုနှင့် ဆက်နွှယ်သည့် ပြဿနာများ မြင့်တက်လာနေတာကို ကြုံတွေ့နေရပါတယ်။ 

ထိုင်းနိုင်ငံ၏ မြောက်ပိုင်းပြည်နယ်များဖြစ်သည့် ချင်းမိုင်၊ ချင်းရိုင်နှင့် မယ်ဟောင်ဆောင်တို့ ရဲ့ တစ်ဘက်ကမ်း ဒေသများတွင် အကြီးဆုံး မူးယစ်ဆေးဝါး ထုတ်လုပ်မှု နေရာများ တည်ရှိပြီး နယ်စပ်ဒေသများမှတဆင့် ထိုင်းနိုင်ငံသို့ မူးယစ်ဆေးဝါးများ ဝင်ရောက်ကာ ဘန်ကောက်နှင့် အနီးတစ်ဝိုက်ရှိ ပြည်နယ်များက ထိုင်းနိုင်ငံ တောင်ပိုင်းသို့ မှောင်ခို မပြုမီ ထိပ်တန်းနေရာများအဖြစ် ဆောင်ရွက်လျက်ရှိနေပါတယ်။

လက်ရှိအစိုးရ၏ ရည်ရွယ်ချက်မှာ ပြည်တွင်း မူးယစ်ဆေးဝါးပြဿနာများ ပပျောက်ရေးသာမက အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်း၍ မြန်မာနိုင်ငံရှိ တိုင်းရင်းသားဒေသများတွင် တည်ရှိသည့် ထုတ်လုပ်မှုများကို ဖျက်သိမ်းရန်လည်း ဖြစ်ပါတယ်။ 

ထိုင်း-မြန်မာ နယ်စပ်တလျှောက် တင်းမာမှုများ တိုးမြင့်လာကာ အထူးသဖြင့် မူးယစ်ဆေးဝါး စိုက်ပျိုး ထုတ်လုပ်သည့် နေရာကြီးများနှင့် နယ်မြေအငြင်းပွားမှုများတွင် ပါဝင်နေတယ်လို့ သံသယရှိသည့် ဝ တပ်ဖွဲ့များ လွှမ်းမိုးမှုရှိသည့် ဒေသများတွင် တင်းမာမှုများ မြင့်တက်လာနေပါတယ်။ မဖြေရှင်းရသေးသော နယ်နိမိတ်မျဉ်းများသည် ထိုင်းစစ်သားများနှင့် ထိပ်တိုက်တွေ့စေ တယ်လို့ အစီရင်ခံချက်များအရသိရပြီး  ဝ တပ်ဖွဲ့များက ထိုင်းနယ်မြေအတွင်းသို့ အကြိမ်ပေါင်းများစွာ ကျူးကျော်ဝင်ရောက်လာကာ လက်နက်ကိုင် ပဋိပက္ခဖြစ်နိုင်ချေကို မြင့်တက်လာစေတယ်လို့ အတည်ပြုထားပါတယ်။ 

နယ်စပ်တလျှောက်ရှိ ဝ တပ်စစ်စခန်းများ၏ မြေပုံများကို ဒုဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး အား ပေးအပ်ပြီး နယ်မြေပိုင်ဆိုင်မှု အခိုင်အမာရရှိကြောင်း မီးမောင်းထိုးပြကာ ဝ တို့၏ လက်နက်တပ်ဆင်ထားတဲ့ မောင်းသူမဲ့လေယာဉ်များ၊ လေယာဉ်ပစ်လက်နက်များ၊ မြေအောက်ဥမင်လှိုဏ်ခေါင်းများနှင့် လက်နက်ကိုင် ကာကွယ်ရေးစခန်းများနဲ့ အမြောက်တပ်စခန်းများအပါအဝင် အင်အားကြီးထွားလာမှုကို ထိုင်းဘုရင့်တပ်မတော်က အကဲဖြတ်ခဲ့ပါတယ်။ 

မြန်မာနိုင်ငံရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အနက် ဝ တပ်ဖွဲ့ သည် အတိုက်အခံ အင်အားစုများ ကို ခြိမ်းခြောက်သည့် ပျောက်ကျား စစ်ဆင်ရေး နည်းဗျူဟာများဖြင့် အင်အားအကြီးဆုံးနှင့် အကြောက်ရဆုံးဟု သတ်မှတ် ထားပါတယ်။  လက်ရှိတွင် ထိုင်းတတိယတပ်မဟာ က ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးကို မြှင့်တင်ရန်အတွက် ဝ ခေါင်းဆောင်များနှင့် ဒေသဆိုင်ရာ ဆွေးနွေးပွဲများကို ဆက်လက် ထိန်းသိမ်းထားပါတယ်။ 

ဝန်ကြီးချုပ်ဟောင်း သက်ဆင်၏ မကြာသေးမီက ပြင်းထန်သော သတိပေးချက်များသည် ဝတပ်ဖွဲ့အား ရန်သူအဖြစ် သဘောထားကာ မြန်မာနိုင်ငံဘက်မှ ပျက်ကွက်ပါက တိုက်ရိုက်အရေးယူမယ်လို့ ၎င်း၏ ခြိမ်းခြောက်မှုကြောင့် တင်းမာမှုများ မြင့်တက်လာခဲ့တာပဲ ဖြစ်ပါတယ်။ ထိုင်း-မြန်မာ နယ်စပ်တလျှောက် ပဋိပက္ခများ အချိန်မရွေး ဖြစ်ပွားနိုင်သဖြင့် အခြေအနေကို တပ်မဟာ ၃ က အနီးကပ် စောင့်ကြည့်နေပါတယ်။ 


REF: THE NATION

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)