ထားဝယ်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းခရိုင်/မြို့နယ်အဆင့် ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ထားဝယ်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းခရိုင်/မြို့နယ်အဆင့် ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲ ကျင်းပ

 






ထားဝယ်၊ မေ ၂၀

၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းခရိုင်/မြို့နယ်အဆင့် ဘာသာရပ်စွမ်းရည် မြှင့်ဆွေးနွေးပွဲကို ယမန်နေ့က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၊ ပညာ့ဗိမာန်ခန်းမ၌ ကျင်းပသည်။

ဆွေးနွေးပွဲတွင်တိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးရာဝန်ကြီးဦးသက်နိုင်ကပညာရေးနှင့်ပတ်သက်၍ အသိပညာဗဟုသုတ များ မျှဝေပြောကြားပြီး၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် မေလ(၂၂)ရက်နေ့မှ ဇွန်လ (၁)ရက်နေ့အထိ !ကျောင်းအပ် နှံရေးနေ့ သီတင်းပတ်" အဖြစ် ကျောင်းအပ် လက်ခံရေးလုပ်ငန်း များကို ဆောင်ရွက်ကြရမှာဖြစ်ပြီး ဇွန်လ(၂)ရက်နေ့တွင် ကျောင်း ဖွင့်လှစ်ပြီးသင်ကြားသင်ယူမှုလုပ်ငန်းများကို စတင်ကြရမည်ဖြစ်ကြောင်း၊ ဆရာ/မများသည် အနန္တဂိုဏ်းဝင် ဆရာ၊ ဆရာမ များဖြစ်သောကြောင့်လေးစားဂုဏ်ယူစရာကောင်းကြောင်း၊ တက္ကသိုလ်ဝင်တန်းအောင်ချက်နှင့် ပတ်သက်ပြီး ၂၀၂၄ ခုနှစ် တနင်္သာရီတိုင်းဒေသကြီးအောင်ချက်မှာ (၄၈.၃၈%)ဖြစ်ပြီး ထားဝယ်ခရိုင်အောင်ချက်မှာ (၄၈.၇၁%) ရရှိခဲ့သဖြင့် ယခု ၂၀၂၅ ခုနှစ်မှာပိုမိုတိုးတက်လာမယ်လို့ မျှော်လင့်ရပါကြောင်း၊ နောင်နှစ်များတွင် အောင်ချက် ပိုမိုတိုးတက်နိုင်ရန်အတွက် အလုပ်ရုံဆွေးနွေးပွဲတွေကိုကျင်းပပေးနိုငရန်လိုအပ်ကြောင်း၊အနန္တဂိုဏ်းဝင်ဆရာ၊ဆရာမများက နာသုံးနာလက်ကိုင်ထား၍ ကျောင်းသား၊ကျောင်းသူများအပေါ်မိဘသဖွယ်စိတ်ဓာတ်ဖြင့်သင်ကြားရေးတွင်တာဝန်ထမ်းဆောင်နေသူများဖြစ် ကြောင်း၊ ဆရာ၊ ဆရာမများသည် စေတနာကို အရင်းခံပြီး ဝါသနာနှင့်အတူ တပည့်များအပေါ် ရင်ဝယ်သားသဖွယ် သဘောထား၍ ကျောင်းသား၊ကျောင်းသူများအားအတတ်ပညာသင်ကြားပို့ချပေးရန်လိုအပ်ကြောင်း၊ ဆရာ၊ဆရာမများအနေဖြင့် ကျောင်း ဥပဓိရုပ်ကောင်းမွန်ရေးဝိုင်းဝန်းကူညီဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ တိုင်းချစ်ပြည်ချစ် ပြည်ထောင်စုစိတ်ဓာတ်များ၊ နိုင်ငံတော်ကအားထားရသော သားကောင်းရတနာ၊ သမီးကောင်းရတနာများ၊လူရည်ချွန်များ၊ ပညာပြည့်ဝနှလုံးလှသော လူသားကောင်းများ ဖြစ်အောင် မွေးထုတ်ပေးကြရန်၊ . တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားအောင်  ကြိုးစားပေးကြရန်  ပညာရေးကဏ္ဍ၏ထူးချွန်အောင်မြင်မှုများဖြင့် တိုင်းဒေသကြီး၏ ဂုဏ်သိက္ခာကို မြှင့်တင်နိုင်အောင် ပိုမိုကြိုးပမ်းပေးကြ ရန်လိုအပ်ကြောင်း။ ဆရာ၊ဆရာမများအနေဖြင့်ကျန်းမာရေးအားအလေးထားဂရုစိုက်ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက်တိုင်းဒေသကြီးပညာ ရေး ညွှန်ကြားရေးမှူးဦးဝင်းနောင် က သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ရှင်းလင်း တင်ပြပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးရာဝန်ကြီးနှင့်တာဝန်ရှိသူများနှင့်ဆရာ/ဆရာမများကစုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူကြသည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများတွင် အထက်တန်းအဆင့် သင်တန်း သား ၉၅၈ ဦး၊ နည်းပြ  ၉၂ ဦး၊ အလယ်တန်းအဆင့် သင်တန်း သား၁၀၈၁ ဦး၊ နည်းပြ ၂၁၀ ဦး ၊ မူလတန်းအဆင့် သင်တန်း သား၁၄၈၄ ဦး ၊ နည်းပြ ၁၂၅ ဦး တို့က မေလ(၁၈) ရက်မှ(၂၀) ရက်အထိ ဘာသာရပ်အလိုက် အတန်းအလိုက် ဆွေးနွေးကြမည် ဖြစ်ကြောင်း သတင်းရရှိသည်။



https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)