မောက်မယ်ဒေသထွက် သဘာဝလိုင်ချီးသီးများ လှိုင်လှိုင်ပေါ်၍ အပိုဝင်ငွေရ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မောက်မယ်ဒေသထွက် သဘာဝလိုင်ချီးသီးများ လှိုင်လှိုင်ပေါ်၍ အပိုဝင်ငွေရ




မောက်မယ် ၊  မေ ၈


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်း ဒေသထွက် သဘာဝလိုင်ချီးသီးများ မေလအတွင်း လှိုင်လှိုင်ပေါ်ထွက်ရှိလာတော့မည်ဖြစ်သဖြင့် လိုင်ချီးသီးစျေးနှုန်းမှာ ယခင်နှစ်တွင် တစ်ပိဿာ ၄၀၀၀ ကျပ်မှ ၅၀၀၀ ကျပ်စျေးဖွင့်ပြီး ယခုနှစ်တွင် ၈၀၀၀ ကျပ်မှ ၁၀၀၀၀ ကျပ်အထိ စျေးဖွင့်ထားကြောင်း ဒေသခံတောင်သူများ၏ ပြောကြားချက်အရ သိရသည်။


လိုင်ချီးသီးသည် အရည်ရွှမ်းသောအသီးဖြစ်ပြီး မရင့်မှည့်သေးသည့် အသီးမှာစိမ်းနေပြီး ရင့်မှည့်သည့်အသီးသည် အနီရောင်သန်းလာပြီး နီရဲလာသည်။ လိုင်ချီးသီးသည် ကယ်(လ်)စီယမ်များစွာပါဝင်သောကြောင့် အေး၍ ချိုမြသော အရသာနှင့် အချဉ်ဓာတ်အနည်းငယ်သာပါရှိသဖြင့် လူတိုင်း ကျန်းမာရေးနှင့်ညီညွတ်ပြီး ဆေးဖက်ဝင်သည့် အာဟာရဓာတ်လည်းပါရှိကာ မောက်မယ်ဒေသထွက် သဘာဝလိုင်ချီးသီးများ မေလနောက်ဆုံးပတ်အတွင်း အနယ်နယ်အရပ်ရပ်မှ လာရောက်ရောင်းဝယ်တော့မည်ဖြစ်ကြောင်း သိရသည်။


ဒေသခံတောင်သူများအနေဖြင့် ရာသီသီးနှံစိုက်ပျိုးမည့်အစား နှစ်ရှည်ပင်သီးနှံများဖြစ်သည့် ရှောက်ချို၊ လိမ္မော်၊ သံပုရာ၊ လိုင်ချီး၊ သရက် စသည့်သီးနှံများ စျေးနှုန်းကောင်းစွာရရှိသဖြင့် ရေကောင်းစွာရရှိသော ဥယျာဉ်ခြံမြေများ၌ တွင်တွင်ကျယ်ကျယ် ပိုမိုစိုက်ပျိုးထားကြောင်း၊ ဒေသခံများက တစ်ပိုင်တစ်နိုင် မိသားစုအိမ်ခြံဝန်းအတွင်း အရိပ်ရစိုက်ပျိုးထားသည့် လိုင်ချီးပင်များမှ အသီးများ လှိုင်လှိုင်ပေါ်၍ ဆွတ်ခူးပြီး ထမ်းတောင်းတွင်ထည့်ကာ လှည့်လည်ရောင်းချကြပြီး အပိုဝင်ငွေရှာသည်မှာ ဒေသခံရှမ်းတိုင်းရင်းသားတို့၏ ဘိုးဘွားစဉ်ဆက်မိရိုးဖလာ အမူအကျင့်တစ်ခုပင်ဖြစ်ကြောင်း သိရသည်။


စိုင်းမျိုးသန့်(မောက်မယ်)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)